Connect with us

Hi, what are you looking for?

News

မန္တလေး အိုးဘိုထောင် ဗုံးပစ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ

အိုးဘိုထောင်ရဲ့မြောက်ဘက်ခြမ်း ဂိတ်နေရာကို မနေ့က ဇန်နဝါရီလ ၁၆ ရက် ည ၆ နာရီခွဲလောက်မှာ ဗုံးနဲ့လာပစ်သွားတာပါ။

မန္တလေး ၊အောင်မြေသာစံမြို့နယ်အတွင်းမှာရှိတဲ့ အိုးဘိုထောင် ရဲ့ ဂိတ်ပေါက်တစ်နေရာကို ဗုံးနဲ့ပစ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရသွားကြောင်းသိရပါတယ်။

အိုးဘိုထောင်ရဲ့မြောက်ဘက်ခြမ်း ဂိတ်နေရာကို မနေ့က ဇန်နဝါရီလ ၁၆ ရက် ည ၆ နာရီခွဲလောက်မှာ ဗုံးနဲ့လာပစ်သွားတာပါ။

ဒီပစ်ခတ်မှုကြောင့် ဂိတ်မှာစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရသွားပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဒီနေ့မှာတော့ အိုးဘိုထောင်ရဲ့ ဝင်ပေါက်နေရာတွေ အားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်နေရာယူလိုက်ပြီး ထောင်ရှေ့က လမ်းကိုလည်း ပိတ်ထားလိုက်တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အဝင်အထွက်ကို စစ်ဆေးမှုတိုးမြှင့်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။