Connect with us

Hi, what are you looking for?

News

က​လေးမြို့မှစိတ်​ဝေဒနာရှင်တစ်ဦးကို စစ်​ကောင်စီတပ်ကပစ်သတ်

ဆွံ့အနေသောကြောင့် ရွှေအ ဟုဒေသခံများကချစ်စနိုးခေါ်သည့် စိတ်ဝေဒနာရှင်အမျိုးသားကို ကလေးမြို့ လျှပ်စစ်ရုံးအနီးတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၅ရက်၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

(အာဏာသိမ်း စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ )

ကလေးမြို့မှ စိတ်ဝေဒနာရှင်၊ဆွံအ၊နားမကြားဖြစ်​နေ​သောအမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ကသေနတ်ဖြင့် ပစ်သတ်လိုက်​ကြောင်း ဒေသခံများပြောသည်။

ဆွံ့အနေသောကြောင့် ရွှေအ ဟုဒေသခံများကချစ်စနိုးခေါ်သည့် စိတ်ဝေဒနာရှင်အမျိုးသားကို ကလေးမြို့ လျှပ်စစ်ရုံးအနီးတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၅ရက်၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

“စစ်တပ်က သံသယရှိတာနဲ့ ပစ်ခတ်နေတာ။ ရွှေအ ကစကားလည်းမပြောတတ်ဘူး။ နားလည်းမကြားဘူး။ စစ်တပ်က ပစ်ပြီး ဒဏ်ရာရတော့ ဆေးရုံမှာ ကုပေမယ့်လည်းမရတော့ဘူး။သေဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွေအ​,သည် စိတ်ရောဂါဝေဒနာခံစားနေရသူတစ်ဦးဖြစ်ပြီး စကားပြောတတ်ခြင်းမရှိသည့်အပြင် အကြားအာရုံအနည်းငယ်ချို့ယွင်းနေသူဖြစ်ကြောင်းစစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က လူမှုကွန်ရက်စာမျက်နှာတွင်ဇန်နဝါရီ ၁၆ တွင်ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကလေးမြို့နယ်အတွင်းဒေသခံပြည်သူများကို ရန်သူကဲ့သို့ဆက်ဆံနေပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် သေနတ်မကြာခဏပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။ မကြာသေးမီကလည်း စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်မှ စိတ်ကျန်းမာရေးချို့တဲ့နေသူတစ်ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook