Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ရှိ​​သော မုံရွာမြို့အနှံ ဗုံးများကွဲ

“ညမှောင်မှောင်မှာ တစ်မြို့လုံး နေရာအနှံ့တစ်အုန်းအုန်းပေါက်တာ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ညပိုင်းကအကြမ်းဖက်စစ်ကောင်စီတပ်များရှိသည့်နေရာများအပါအဝင် မြို့ပေါ်နေရာအများအပြား ဗုံးပေါက်ကွဲခဲ့သည်။

ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) ညပိုင်းက မုံရွာမြို့ပေါ် အာဇာနည်လမ်းတွင် ၂ လုံး၊ ဘုရားနီ၊မြို့ပတ်လမ်း၊ရန်ကင်းမီးပွိုင့်၊ချင်းတွင်းမြင့်ဟိုတယ်ရှေ့၊ကျောက္ကာလမ်း၊ကန်သာယာ၊သမစိတ္တလမ်းဆုံ၊လျှပ်စစ်ရုံးလမ်းဆုံ၊အသောကလမ်းဆုံ၊လောင်းကစားလမ်းကြား၊ဘိုးဘွားရိပ်သာအဝိုင်းပတ်နှင့်သာစည်မီးပွိုင့်တို့တွင် ဗုံးတစ်လုံးစီနှင့် ခမရ၁၆တပ်ရင်းသို့ ဗုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Monywa NightKingနှင့် ACF Monywaတို့ကသတင်းထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာရရှိမှုများကို လုံခြုံရေးကြောင့်စောင့်ကြည့်နိုင်ခြင်းမရှိကြောင်း၊ အဖွဲ့သားအားလုံးဘေးကင်းပြီး ယခုကဲ့သို့ အကြမ်းဖက်စစ်တပ်အားခုခံတိုက်ခိုက်နိုင်ရန်မိဘပြည်သူများ၏ အကူအညီများလိုအပ်ကြောင်း Monywa NightKingနှင့် ACF Monywaတို့က အသိပေးသည်။

“ညမှောင်မှောင်မှာ တစ်မြို့လုံး နေရာအနှံ့တစ်အုန်းအုန်းပေါက်တာ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မုံရွာမြို့ပေါ် ပိတောက်လမ်း၊အေးရိပ်သာလမ်းထောင့်၊ရွှေဝါရောင်လမ်းအမှတ်၆တို့တွင်လည်းဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းMonywa Special ဒိတ်ဒိတ်ကြဲPDF က ထုတ်ပြန်ကြေညာသည်။

မုံရွာမြို့တွင် ယ​နေည​နေ ၅ နာရီ​နောက်ပိုင်းမှစပြီး ကျန်းမာ​ရေးကိစ္စမှလွဲ၍ အပြင်မထွက်ရန် Blacki Monywa Nightking အဖွဲ့က ယ​နေ့(ဇန်နဝါရီ ၁၇) ည​​နေတွင်ထုတ်ပြန်၍ ​မေတ္တာရပ်ခံထားသည်။

ယ​နေ့မနက်ပိုင်းကလည်း မုံရွာမြို့ ကန်သာယာ​ဈေးတွင် နယ်ပြောင်းလာ​သည်မှာမကြာ​သေး​သော ရဲအရာရှိတစ်ဦး၏ ဇနီးလည်းဖြစ် ၊ရဲသတင်း​ပေးဟုဆိုသူအမျိုးသမီး ​သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook