Connect with us

Hi, what are you looking for?

News

ဖလမ်း-ကလေးလမ်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုများ၊ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ ၂၅ဦးသေဟု CNO ထုတ်ပြန်

ဖလမ်း – ကလေး လမ်းအပါအဝင် ချင်းပြည်နယ်ဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များက ခြုံခိုတိုက်ခိုက် ခုခံလျက်ရှိသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း – ကလေး ကားလမ်းမပေါ်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်များခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) က ယမန်နေ့ညတွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၆ ရက်က ဖလမ်းမြို့နယ် ပါရ်သဲကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို CNO လက်အောက်ခံတပ် CNDF က ခုခံတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဖော်ပြသည်။ အဆိုပါတိုက်ပွဲတွင် CNDF ဘက်မှတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲတွင် ဖလမ်းမြို့ အ‌ခြေစိုက် ခလရ (၂၆၈) တပ်မှ လက်နက်ကြီးဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၇ ရက်တွင်လည်း လာသီးကျေးရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီများအား CNDFတပ်ဖွဲ့မှ ဆက်လက်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ၈ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့သည်ဟု ထုတ်ပြန်သည်။ CNDF ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိသူမရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖလမ်း – ကလေး လမ်းအပါအဝင် ချင်းပြည်နယ်ဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များက ခြုံခိုတိုက်ခိုက် ခုခံလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။