Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖလမ်း-ကလေးလမ်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုများ၊ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ ၂၅ဦးသေဟု CNO ထုတ်ပြန်

ဖလမ်း – ကလေး လမ်းအပါအဝင် ချင်းပြည်နယ်ဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များက ခြုံခိုတိုက်ခိုက် ခုခံလျက်ရှိသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း – ကလေး ကားလမ်းမပေါ်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်များခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) က ယမန်နေ့ညတွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၆ ရက်က ဖလမ်းမြို့နယ် ပါရ်သဲကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို CNO လက်အောက်ခံတပ် CNDF က ခုခံတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဖော်ပြသည်။ အဆိုပါတိုက်ပွဲတွင် CNDF ဘက်မှတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲတွင် ဖလမ်းမြို့ အ‌ခြေစိုက် ခလရ (၂၆၈) တပ်မှ လက်နက်ကြီးဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၇ ရက်တွင်လည်း လာသီးကျေးရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီများအား CNDFတပ်ဖွဲ့မှ ဆက်လက်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ၈ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့သည်ဟု ထုတ်ပြန်သည်။ CNDF ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိသူမရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖလမ်း – ကလေး လမ်းအပါအဝင် ချင်းပြည်နယ်ဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များက ခြုံခိုတိုက်ခိုက် ခုခံလျက်ရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။