Connect with us

Hi, what are you looking for?

News

မန္တလေးက ကျုရှင်တွေနဲ့ စာသင်ဝိုင်းတွေကို စစ်ကောင်စီလိုက်လံဖမ်းဆီးနေ

ဖွင့်လှစ်ထားတဲ့ အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်တာမရှိဘဲ ရပ်ကွက်တွေမှာ ဖွင့်တဲ့ ပုဂ္ဂလိကကျုရှင် ၊စာသင်ဝိုင်းတွေကိုသာတက်ရောက်နေကြတဲ့အတွက် ဦးဆောင်သူတွေကိုလိုက်လံဖမ်းဆီးတာလို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် ( ပုံဟောင်း) ဓာတ်ပုံ − EPA

မန္တလေးမြို့မှာ မူလတန်းကနေ အထက်တန်းအထိ သင်ကြားနေတဲ့ ကျုရှင်နဲ့စာသင်ဝိုင်းတွေကို စစ်ကောင်စီက ဒီရက်ပိုင်းမှာလိုက်လံဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေစုံစမ်းသိရပါတယ်။

ဖွင့်လှစ်ထားတဲ့ အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်တာမရှိဘဲ ရပ်ကွက်တွေမှာ ဖွင့်တဲ့ ပုဂ္ဂလိကကျုရှင် ၊စာသင်ဝိုင်းတွေကိုသာတက်ရောက်နေကြတဲ့အတွက် ဦးဆောင်သူတွေကိုလိုက်လံဖမ်းဆီးတာလို့ ဆိုကြပါတယ်။

“ကျောင်းတွေမှာတက်ရမယ့်အတန်းတွေသင်နေတဲ့ကျူရှင်တွေကိုလိုက်ဖမ်းနေတာ”လို့ စာသင်ဝိုင်းတစ်ခုမှာတက်ရောက်နေတဲ့ကျောင်းသားတစ်ဦးရဲ့မိခင်ကပြောပါတယ်။

ဒီလို စစ်ကောင်စီက လိုက်လံဖမ်းဆီးတာကြောင့် မန္တလေးမှာ ကျုရှင်နဲ့စာသင်ဝိုင်းအချို့ ပိတ်ထားရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အာဏာဖီဆန့်မှုမရှိဘဲ ပုံမှန်လှည်ပတ်နေတယ်ဆိုတာကိုပြသချင်တဲ့အတွက် ကျောင်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။ဒါပေမယ့် လူထု က ဆန့်ကျင်တဲ့အနေနဲ့ သား၊သမီးတွေကို ကျောင်းပို့တာမျိုးမလုပ်ခဲ့ပါဘူး။

ငွေရေးကြေးရေး တတ်နိုင်တဲ့သူ ပုဂ္ဂလိက ကျောင်းတွေမှာ ထား ပေမယ့် စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာ မထားချင်တဲ့ အခြေခံလူတန်းစားတွေကတော့ ရပ်ကွက်ထဲက စာသင်ပေးတဲ့ သူတွေထံ သားသမီးတွေကို ပို့ကာ စာသင်စေတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook