Connect with us

Hi, what are you looking for?

News

ပြင်ဦးလွင်တွင်မူးယစ်​ဆေး​ရောင်းဝယ်သူနှစ်ဦးထံမှ မူးယစ်​ဆေးဝါးများကို MDY-PDF ဖမ်းဆီးဖျက်ဆီး

မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် မှောင်ခိုလုပ် ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း Mandalay People’s Defence Force(MDY-PDF)က ယနေ့(ဇန်နဝါရီ ၂၀)ထုတ်ပြန်သည်။

(ဖမ်းဆီးရမိ​သောစိတ်ကြွမူးယစ်​ဆေးပြား ၂၅၀၀ ကိုမီးရှို့ဖိက်ဆီးခဲ့သည်။ ဓါတ်ပုံ -MDY-PDF)

●မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် မှောင်ခိုလုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူမည်ဟုသတိပေး

၎င်းတို့တာဝန်ယူထားသည့် နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ မှောင်ခိုလုပ် ငန်းလုပ်ကိုင်ခြင်း စသည်တို့ပြုလုပ်ပါက ဖမ်း ဆီးအရေးယူပြီး ထိုက်သင့်သည့်ပြစ်ဒဏ်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ယနေ့တွင်လည်း MDY PDF ၏နယ်မြေပြင်ဦးလွင်မြို့နယ်အတွင်း ဖြန့်ဖြူးသူနှစ်ဦးထံမှ WY စာတန်းပါ မူယစ်ဆေးဝါး(၂၅၀၀ ပြား)ကို လုံခြုံရေးတာဝန်ယူထားသော MDY PDF ကစစ်ဆေးတွေ့ရှိပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့သည် NUG ၏ ကာကွယ်​ရေးဝန်ကြီးဌာန လက်​အောက်မှ PDFတပ်ဖွဲ့ဖြစ်သည်။ မူးယစ်​ဆေးဝါး ဖြန့်ဖြူးသူ နှစ်ဦးကို မည်သို့အပစ်​ပေး၊အ​ရေးယူသည်ကို ထုတ်ပြန်ချက်တွင်အ​သေးစိပ်​ဖော်ပြထားခြင်းမရှိ​ပေ။

(ဖမ်းဆီးရမိ​သောစိတ်ကြွမူးယစ်​ဆေးပြား ၂၅၀၀ ကိုမီးရှို့ဖိက်ဆီးခဲ့သည်။ ဓါတ်ပုံ -MDY-PDF)

စစ်​ကောင်စီက တိုင်းပြည်အာဏာသိမ်းပြီးနောက် ပိုင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်း၊ သစ်မှောင်ခိုကူးခြင်း၊ တရားမဝင်ပစ္စည်းများ မှောင်ခိုကုန်ကူးသန်းခြင်းများ ယခင်ထက်ပိုမိုဖြစ်ပွားလျက်ရှိရာ ဒေသကာကွယ်ရေးတပ်များက ဖမ်းဆီးအရေးယူခြင်းများကိုပါပိုမိုလုပ်ကိုင်​ပေးလာသည်ကိုတွေ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook