Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာ လျှပ်စစ်ရုံးရှေ့ ပေါက်ကွဲမှုဖြစ်

အကြမ်းဖက်စစ်ကောင်စီ၏ ဘဏ္ဍာငွေဖြစ်သည့် လျှပ်စစ်မီတာခများကို ပေးဆောင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူများကို တောင်းဆိုထားပြီး မီတာရုံးများကိုလည်း သတိပေး ဗုံးခွဲတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိကြသည်။

(ပေါက်ကွဲမှုအပြီး မြောက်ဥက္ကလာအဝိုင်းကို စစ်ကောင်စီဝင်များ ပိတ်ဆို့စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - SOK News)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက် သုဓမ္မာလမ်းရှိ မြို့နယ်လျှပ်စစ်မန်​နေဂျာရုံးရှေ့တွင် ယနေ့ (ဇန်နဝါရီ ၂၀) နံနက် ၁၁နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

“လျှပ်စစ်ရုံးရှေ့နားမှာ ပေါက်ကွဲမှု ဖြစ်တာပါ။ ရုံးရှေ့ အုတ်တံတိုင်းနဲ့ ပလက်ဖောင်းကြားမှာ ပေါက်တာလို့တော့ သိရတယ်။ လူတော့ ထိခိုက်မှုမရှိပါဘူး။ မီတာလာဆောင်တဲ့သူတွေတော့ လန့်ပြီးပြန်ပြေးသွားကြတယ်” ဟု အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဝင်တပ်သားအများအပြား ရောက်ရှိလာပြီး မြောက်ဥက္ကလာအဝိုင်းနှင့် လျှပ်စစ်မီတာရုံးအနီး လမ်းများပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဘဏ္ဍာငွေဖြစ်သည့် လျှပ်စစ်မီတာခများကို ပေးဆောင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူများကို တောင်းဆိုထားပြီး မီတာရုံးများကိုလည်း သတိပေး ဗုံးခွဲတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိထက်/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၁ရက်) နံနက် ၈နာရီခန့်က ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ သီပေါမြို့နယ်၊ကုံးစုံကျေးရွာရှိ အိမ်တစ်လုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါ နေအိမ်မှအမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ Public...

နိုင်ငံတကာ

ထိုင်ဝမ်နိုင်ငံက အထပ်မြင့် စျေးဝယ်စင်တာ တစ်ခုမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာက အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

၂၀၂၃ ဩဂုတ် ၁ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ရွှေပေါက္ကံမြို့သစ်ထွေအုပ်ရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ခွဲ ၂ က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

သတင်း

ပေါက်ကွဲမှုသည် နံနက်၁၁နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟု ဒေသခံ အချို့ကပြောသည်။ စစ်ကောင်စီနှင့်ရဲကား ငါးစီးသည် မြို့ထဲတွင်ကင်းလှည့်နေသည်ဟု သိရသည်။

Facebook