Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာ လျှပ်စစ်ရုံးရှေ့ ပေါက်ကွဲမှုဖြစ်

အကြမ်းဖက်စစ်ကောင်စီ၏ ဘဏ္ဍာငွေဖြစ်သည့် လျှပ်စစ်မီတာခများကို ပေးဆောင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူများကို တောင်းဆိုထားပြီး မီတာရုံးများကိုလည်း သတိပေး ဗုံးခွဲတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိကြသည်။

(ပေါက်ကွဲမှုအပြီး မြောက်ဥက္ကလာအဝိုင်းကို စစ်ကောင်စီဝင်များ ပိတ်ဆို့စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - SOK News)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက် သုဓမ္မာလမ်းရှိ မြို့နယ်လျှပ်စစ်မန်​နေဂျာရုံးရှေ့တွင် ယနေ့ (ဇန်နဝါရီ ၂၀) နံနက် ၁၁နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

“လျှပ်စစ်ရုံးရှေ့နားမှာ ပေါက်ကွဲမှု ဖြစ်တာပါ။ ရုံးရှေ့ အုတ်တံတိုင်းနဲ့ ပလက်ဖောင်းကြားမှာ ပေါက်တာလို့တော့ သိရတယ်။ လူတော့ ထိခိုက်မှုမရှိပါဘူး။ မီတာလာဆောင်တဲ့သူတွေတော့ လန့်ပြီးပြန်ပြေးသွားကြတယ်” ဟု အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဝင်တပ်သားအများအပြား ရောက်ရှိလာပြီး မြောက်ဥက္ကလာအဝိုင်းနှင့် လျှပ်စစ်မီတာရုံးအနီး လမ်းများပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဘဏ္ဍာငွေဖြစ်သည့် လျှပ်စစ်မီတာခများကို ပေးဆောင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူများကို တောင်းဆိုထားပြီး မီတာရုံးများကိုလည်း သတိပေး ဗုံးခွဲတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။