Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်တွင်CDF ထိန်းချုပ်ရာ​​ဒေသများ၌ ချင်းအမျိုးသားအလံလွှင့်ထူ၍ ​ကျောင်းများစဖွင့်

ရက္ခိုင်တပ်မ​တော် ထိန်းချုပ်ထား​သော ရခိုင်ပြည်နယ်ရှိ ​ဒေသများတွင်လည်း ​ကျောင်းများတွင် ရက္ခိုင်အလံ​တော်လွှင့်ထူထားပြီး ရက္ခိုင်အမျိုးသားသီချင်း သီဆိုကြသည်ကို​တွေ့ရသည်။

(ချင်းအမျိုးသားအလံလွှင့်ထူ၍​ကျောင်းစဖွင့်​နေ​သောချင်းပြည်နယ်မှ​ကျောင်းအချို့ ။ဓါတ်ပုံ-Chin World)

ချင်းပြည်နယ်တွင်ချင်း​ဒေသကာကွယ်ရေးအဖွဲ့(CDF) ထိန်းချုပ်နယ်မြေများတွင် ချင်းအမျိုးသားအလံကို လွှင့်ထူ၍စာသင်ကျောင်းများစတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ဒေသခံများက​ပြောသည်။

(ချင်းအမျိုးသားအလံလွှင့်ထူ၍​ကျောင်းစဖွင့်​နေ​သောချင်းပြည်နယ်မှ​ကျောင်းအချို့ ။ဓါတ်ပုံ-Chin World)

CDFထိန်းချုပ်ထားသည် မင်းတပ်နှင့် ထန်တလန်မြို့နယ်တွင် စာသင်ကျောင်းများဖွင့်လှစ်နေပြီး ထိုကျောင်းများတွင် ချင်းအမျိုးသားအလံကို လွှင့်ထူထားခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အခြေစိုက် Chin World သတင်းဌာနကလည်းယ​နေ့ဖော်ပြထားသည်။ချင်းအမျိုးသားအလံမှာသုံးရောင်ခြယ်အောက်ခံတွင် ချင်းတိုင်းရင်းသားများ၏ အထွတ်အမြတ်ထားရာ အောက်ချင်းငှက်ပုံကိုထည့်သွင်းထားသည်။

(ချင်းအမျိုးသားအလံလွှင့်ထူ၍​ကျောင်းစဖွင့်​နေ​သောချင်းပြည်နယ်မှ​ကျောင်းအချို့ ။ဓါတ်ပုံ-Chin World)

အကြမ်းဖက်စစ်​ကောင်စီကို ​ခုခံ​တော်လှန်​နေ​သော​​ဒေသခံ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ များ ထိန်းချုပ်ရာ​ဒေသများရှိ​ကျောင်းများတွင် တိုင်းရင်းသားအလံလွှင့်ထူလာကြခြင်းမှာ
ပြည်သူများ​တောင်းဆို​နေ​သော ဖက်ဒရယ်ဒီမိုက​ရေစီ၏ အ​ငွေ့အသက်များရရှိလာခြင်းဖြစ်​ကြောင်းပြည်သူအချို့ကမှတ်ချက်ပြုကြသည်။ ယခု​နွေဦး​တော်လှန်​ရေးတွင် အကြမ်းဖက်စစ်​အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ၊ဖက်ဒရယ်ဒီမိုက​ရေစီစနစ်ကိုတည်​ထောင်ရန် ပြည်သူများကရည်ရွယ်၍ တိုက်ပွဲဝင်​နေကြခြင်းဖြစ်သည်။

Public Service Announcement

ရက္ခိုင်တပ်မ​တော် ထိန်းချုပ်ထား​သော ရခိုင်ပြည်နယ်ရှိ ​ဒေသများတွင်လည်း ​ကျောင်းများတွင် ရက္ခိုင်အလံ​တော်လွှင့်ထူထားပြီး ရက္ခိုင်အမျိုးသားသီချင်း သီဆိုကြသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

Facebook