Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းပြည်နယ်တွင်CDF ထိန်းချုပ်ရာ​​ဒေသများ၌ ချင်းအမျိုးသားအလံလွှင့်ထူ၍ ​ကျောင်းများစဖွင့်

ရက္ခိုင်တပ်မ​တော် ထိန်းချုပ်ထား​သော ရခိုင်ပြည်နယ်ရှိ ​ဒေသများတွင်လည်း ​ကျောင်းများတွင် ရက္ခိုင်အလံ​တော်လွှင့်ထူထားပြီး ရက္ခိုင်အမျိုးသားသီချင်း သီဆိုကြသည်ကို​တွေ့ရသည်။

(ချင်းအမျိုးသားအလံလွှင့်ထူ၍​ကျောင်းစဖွင့်​နေ​သောချင်းပြည်နယ်မှ​ကျောင်းအချို့ ။ဓါတ်ပုံ-Chin World)

ချင်းပြည်နယ်တွင်ချင်း​ဒေသကာကွယ်ရေးအဖွဲ့(CDF) ထိန်းချုပ်နယ်မြေများတွင် ချင်းအမျိုးသားအလံကို လွှင့်ထူ၍စာသင်ကျောင်းများစတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ဒေသခံများက​ပြောသည်။

(ချင်းအမျိုးသားအလံလွှင့်ထူ၍​ကျောင်းစဖွင့်​နေ​သောချင်းပြည်နယ်မှ​ကျောင်းအချို့ ။ဓါတ်ပုံ-Chin World)

CDFထိန်းချုပ်ထားသည် မင်းတပ်နှင့် ထန်တလန်မြို့နယ်တွင် စာသင်ကျောင်းများဖွင့်လှစ်နေပြီး ထိုကျောင်းများတွင် ချင်းအမျိုးသားအလံကို လွှင့်ထူထားခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အခြေစိုက် Chin World သတင်းဌာနကလည်းယ​နေ့ဖော်ပြထားသည်။ချင်းအမျိုးသားအလံမှာသုံးရောင်ခြယ်အောက်ခံတွင် ချင်းတိုင်းရင်းသားများ၏ အထွတ်အမြတ်ထားရာ အောက်ချင်းငှက်ပုံကိုထည့်သွင်းထားသည်။

(ချင်းအမျိုးသားအလံလွှင့်ထူ၍​ကျောင်းစဖွင့်​နေ​သောချင်းပြည်နယ်မှ​ကျောင်းအချို့ ။ဓါတ်ပုံ-Chin World)

အကြမ်းဖက်စစ်​ကောင်စီကို ​ခုခံ​တော်လှန်​နေ​သော​​ဒေသခံ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ များ ထိန်းချုပ်ရာ​ဒေသများရှိ​ကျောင်းများတွင် တိုင်းရင်းသားအလံလွှင့်ထူလာကြခြင်းမှာ
ပြည်သူများ​တောင်းဆို​နေ​သော ဖက်ဒရယ်ဒီမိုက​ရေစီ၏ အ​ငွေ့အသက်များရရှိလာခြင်းဖြစ်​ကြောင်းပြည်သူအချို့ကမှတ်ချက်ပြုကြသည်။ ယခု​နွေဦး​တော်လှန်​ရေးတွင် အကြမ်းဖက်စစ်​အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ၊ဖက်ဒရယ်ဒီမိုက​ရေစီစနစ်ကိုတည်​ထောင်ရန် ပြည်သူများကရည်ရွယ်၍ တိုက်ပွဲဝင်​နေကြခြင်းဖြစ်သည်။

Public Service Announcement

ရက္ခိုင်တပ်မ​တော် ထိန်းချုပ်ထား​သော ရခိုင်ပြည်နယ်ရှိ ​ဒေသများတွင်လည်း ​ကျောင်းများတွင် ရက္ခိုင်အလံ​တော်လွှင့်ထူထားပြီး ရက္ခိုင်အမျိုးသားသီချင်း သီဆိုကြသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

နိုင်ငံတကာ

ဇမ်ဘီယာမှာ ကာလဝမ်းရောဂါတွေ ပျံ့နှံ့ ကူးစက်ခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း လူပေါင်း ၅၀၀ ဝန်းကျန် သေဆုံးပြီး ရောဂါစွဲကပ် ခံစားရသူ ၁၅၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။