ကရင်နီ(ကယား)ပြည်နယ်တွင် ကရင်နီအမျိုးသားအလံကို စာသင်ကျောင်းအချို့တွင် လွှင့်ထူထားကြောင်းတိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ ထုတ်ပြန်သည်။
“ကျောင်းတော့ မဖွင့်နိုင်သေးဘူး။နေရာတကာမှာစစ်ပွဲတွေပဲမို့။ဘယ်လိုပဲဖြစ်ဖြစ် ၂၀၀၈ခြေဥအောက်က အလံ ဒို့မြေမှာမရှိစေရဘူး”ဟု PKPF၏ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းအချို့တွင် အမျိုးသားအလံများ စတင်လွှင့်ထူခြင်း ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။
အလားတူချင်းပြည်နယ်တွင်ချင်းဒေသကာ ကွယ်ရေးအဖွဲ့(CDF) ထိန်းချုပ်နယ်မြေများတွင် ချင်းအမျိုးသားအလံကိုလွှင့်ထူ၍ စာသင်ကျောင်းများစတင်ဖွင့်လှစ်နေပြီ ဖြစ်သည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်နေသောဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာဒေသများရှိကျောင်းများတွင် တိုင်းရင်းသားအလံလွှင့်ထူလာကြခြင်းမှာ ပြည်သူများတောင်းဆိုနေသော ဖက်ဒရယ်ဒီမိုကရေစီ၏ အငွေ့အသက်များရရှိလာခြင်းဖြစ်ကြောင်းပြည်သူအချို့က မှတ်ချက်ပြုထားသည်။
ယခုနွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာရှင် စနစ်ကိုဖြုတ်ချပြီး ၊ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုတည်ထောင်ရန် ပြည်သူများကရည်ရွယ်၍ တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။
ရက္ခိုင်တပ်မတော်ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်ရှိ ဒေသများတွင်လည်း ကျောင်းများတွင် ရက္ခိုင်အလံတော်လွှင့်ထူထားပြီး ရက္ခိုင်အမျိုးသားသီချင်း သီဆိုကြသည်ကို ယခုလဆန်းပိုင်းကစ၍ တွေ့ရသည်။
