Connect with us

Hi, what are you looking for?

News

ကရင်နီပြည်နယ်ထိန်းချုပ်နယ်​မြေရှိ စာသင်​ကျောင်းအချို့တွင် အမျိုးသားအလံလွှင့်ထူ

“ကျောင်းတော့ မဖွင့်နိုင်သေးဘူး။နေရာတကာမှာစစ်ပွဲတွေပဲမို့။ဘယ်လိုပဲဖြစ်ဖြစ် ၂၀၀၈ခြေဥအောက်က အလံ ဒို့မြေမှာမရှိစေရဘူး”ဟု PKPF၏ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် ကရင်နီအမျိုးသားအလံကို စာသင်ကျောင်းအချို့တွင် လွှင့်ထူထားကြောင်းတိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ ထုတ်ပြန်သည်။

“ကျောင်းတော့ မဖွင့်နိုင်သေးဘူး။နေရာတကာမှာစစ်ပွဲတွေပဲမို့။ဘယ်လိုပဲဖြစ်ဖြစ် ၂၀၀၈ခြေဥအောက်က အလံ ဒို့မြေမှာမရှိစေရဘူး”ဟု PKPF၏ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းအချို့တွင် အမျိုးသားအလံများ စတင်လွှင့်ထူခြင်း ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

အလားတူချင်းပြည်နယ်တွင်ချင်း​ဒေသကာ ကွယ်ရေးအဖွဲ့(CDF) ထိန်းချုပ်နယ်မြေများတွင် ချင်းအမျိုးသားအလံကိုလွှင့်ထူ၍ စာသင်ကျောင်းများစတင်ဖွင့်လှစ်နေပြီ ဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်​ကောင်စီကို ​ခုခံ​တော်လှန်​နေ​သော​​ဒေသခံ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ​ဒေသများရှိ​ကျောင်းများတွင် တိုင်းရင်းသားအလံလွှင့်ထူလာကြခြင်းမှာ ပြည်သူများ​တောင်းဆို​နေ​သော ဖက်ဒရယ်ဒီမိုက​ရေစီ၏ အ​ငွေ့အသက်များရရှိလာခြင်းဖြစ်​ကြောင်းပြည်သူအချို့က မှတ်ချက်ပြုထားသည်။

ယခု​နွေဦး​တော်လှန်​ရေးတွင် အကြမ်းဖက်စစ်​အာဏာရှင် စနစ်ကိုဖြုတ်ချပြီး ၊ဖက်ဒရယ်ဒီမိုက​ရေစီစနစ်ကိုတည်​ထောင်ရန် ပြည်သူများကရည်ရွယ်၍ တိုက်ပွဲဝင်​နေကြခြင်းဖြစ်သည်။

ရက္ခိုင်တပ်မ​တော်ထိန်းချုပ်ထား​သော ရခိုင်ပြည်နယ်ရှိ ​ဒေသများတွင်လည်း ​ကျောင်းများတွင် ရက္ခိုင်အလံ​တော်လွှင့်ထူထားပြီး ရက္ခိုင်အမျိုးသားသီချင်း သီဆိုကြသည်ကို​ ယခုလဆန်းပိုင်းကစ၍ တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။