Connect with us

Hi, what are you looking for?

News

ပခုက္ကူမြို့ရှိ စစ်ကောင်စီ ရဲကင်းတစ်ခု တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

Earthquake People’s Defence Force – UG နှင့် Defense Team Pakokku ၊ Young Force-UG တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်သည့် တိတ်ဆိတ်ခြင်းသပိတ်နေ့တွင် တွေ့ရသည့် ပခုက္ကူမြို့တွင်း တစ်နေရာ)

မကွေးတိုင်း ပခုက္ကူမြို့ တပ်မလမ်းရှိ စစ်ကောင်စီလက်ပါးစေ ရဲကင်းတစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(Earthquake People’s Defence Force – UG)နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့(ဇန်နဝါရီ ၂၁)ထုတ်ပြန်သည်။

ယနေ့ညနေ ၄ နာရီခွဲခန့်တွင် တပ်မလမ်းရှိ ရဲကင်းစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

“မိမိတို့ပူးပေါင်းအဖွဲ့များ‌ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါကြောင်းနှင့် စခဘက်မှ သေဆုံးမှုများရှိခဲ့ပြီး သေဆုံးမှုစာရင်းအတိအကျအား အသေးစိတ်စုံစမ်း‌ဆဲဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်”ဟု Earthquake People’s Defence Force – UG အဖွဲ့က အသိပေးထားသည်။

Earthquake People’s Defence Force – UG နှင့် Defense Team Pakokku ၊ Young Force-UG တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၆ ရက်ညနေပိုင်းကလည်း ပခုက္ကူမြို့ (၁၁)ရပ်ကွက် ၆လမ်း ယောထိပ်တန်းအနီးရှိ အထည်ဆိုင်တစ်ဆိုင်ပျူစောထီးနှင့် စစ်တပ်သတင်းပေးဒလန်များပြုလုပ်သည့် လျှို့ဝှက်အစည်းအဝေးနေရာအား ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။