Connect with us

Hi, what are you looking for?

News

ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့နှစ်ဦးကို သေဒဏ်ချမှတ်ကြောင်း စစ်ကာင်စီ ကြေညာ

သူတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ ခုနဲ့စွဲဆိုပြီး သေဒဏ်ချမှတ်လိုက်တဲ့အကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာက ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် ညမှာ ကြေညာခဲ့ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဂျင်မီတို့နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

သူတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ ခုနဲ့စွဲဆိုပြီး သေဒဏ်ချမှတ်လိုက်တဲ့အကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာက ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် ညမှာ ကြေညာခဲ့ပါတယ်။

ဦးဂျင်မီကို စစ်ကောင်စီက အောက်တိုဘာလ ၂၃ ရက် ညပိုင်းကမြောက်ဒဂုံမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၈ ရက် မှာ ရန်ကုန်၊ဒဂုံဆိပ်ကမ်းက ရတနာနှင်းဆီအိမ်ရာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။