Connect with us

Hi, what are you looking for?

News

တိုင်းတရားလွှတ်တော်ရုံးနဲ့ ဥပဒေချုပ်ရုံးဖွင့်ပွဲရှိလို့ မန္တလေးမှာ လုံခြုံရေးတင်းကြပ်ထား

စစ်ကောင်စီကဖွင့်လှစ်မယ့် တိုင်းတရားလွှတ်တော်နဲ့ ဥပဒေချုပ်ရုံးကို NLD အစိုးရလက်ထက်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

People's Spring
People's Spring

မန္တလေး တိုင်းတရားလွှတ်တော်ရုံး နဲ့ ဥပဒေချုပ် ရုံး ဖွင့်ပွဲကို မနက်ဖြန် ဇန်နဝါရီလ ၂၂ ရက်မှာ ကျင်းပဖို့ စစ်ကောင်စီက စီစဉ်ထားတာကြောင့် မန္တလေးမှာ လုံခြုံရေးပိုမိုတင်းကြပ်ထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အဲဒီဖွင့်ပွဲကို စစ်ကောင်စီအရာရှိကြီးတွေတက်ရောက်ဖို့ရှိတယ်လို့သိရပြီး ဖွင့်ပွဲလုပ်မယ့် ရုံး ပတ်ဝန်းကျင်မှာ လုံခြုံရေးချထားသလို လမ်းကိုလည်းအသွားအလာပိတ်ထားပါတယ်။

ဒါ့အပြင် မြို့တွင်းလမ်းတွေတင်သာမက လူအသွားအလာနည်းပါးတဲ့လမ်းမနေရာတွေကိုပါ စစ်ဆေးမှုတွေပြုလုပ်နေပါသေးတယ်။

စစ်ကောင်စီကဖွင့်လှစ်မယ့် တိုင်းတရားလွှတ်တော်နဲ့ ဥပဒေချုပ်ရုံးကို NLD အစိုးရလက်ထက်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖွင့်ပွဲမလုပ်ခင်ရက်ပိုင်းအလိုကတော့ ဖွင့်ပွဲလုပ်မယ့် နေရာအနီးနားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။