Connect with us

Hi, what are you looking for?

LuduNwayOo

News

တိုင်းတရားလွှတ်တော်ရုံးနဲ့ ဥပဒေချုပ်ရုံးဖွင့်ပွဲရှိလို့ မန္တလေးမှာ လုံခြုံရေးတင်းကြပ်ထား

စစ်ကောင်စီကဖွင့်လှစ်မယ့် တိုင်းတရားလွှတ်တော်နဲ့ ဥပဒေချုပ်ရုံးကို NLD အစိုးရလက်ထက်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

People's Spring
People's Spring

မန္တလေး တိုင်းတရားလွှတ်တော်ရုံး နဲ့ ဥပဒေချုပ် ရုံး ဖွင့်ပွဲကို မနက်ဖြန် ဇန်နဝါရီလ ၂၂ ရက်မှာ ကျင်းပဖို့ စစ်ကောင်စီက စီစဉ်ထားတာကြောင့် မန္တလေးမှာ လုံခြုံရေးပိုမိုတင်းကြပ်ထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အဲဒီဖွင့်ပွဲကို စစ်ကောင်စီအရာရှိကြီးတွေတက်ရောက်ဖို့ရှိတယ်လို့သိရပြီး ဖွင့်ပွဲလုပ်မယ့် ရုံး ပတ်ဝန်းကျင်မှာ လုံခြုံရေးချထားသလို လမ်းကိုလည်းအသွားအလာပိတ်ထားပါတယ်။

ဒါ့အပြင် မြို့တွင်းလမ်းတွေတင်သာမက လူအသွားအလာနည်းပါးတဲ့လမ်းမနေရာတွေကိုပါ စစ်ဆေးမှုတွေပြုလုပ်နေပါသေးတယ်။

စစ်ကောင်စီကဖွင့်လှစ်မယ့် တိုင်းတရားလွှတ်တော်နဲ့ ဥပဒေချုပ်ရုံးကို NLD အစိုးရလက်ထက်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖွင့်ပွဲမလုပ်ခင်ရက်ပိုင်းအလိုကတော့ ဖွင့်ပွဲလုပ်မယ့် နေရာအနီးနားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။