Connect with us

Hi, what are you looking for?

News

တောင်ဒဂုံတွင် ယမန်​နေ့ညက ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်၏ ကင်းပုန်းနေရာအား ဖောက်ခွဲခြင်းဟုဆို

ထပ်ရောက်လာသည့် စစ်ကောင်စီလက်ပါးစေများကို ည ၈ နာရီ ၅၀မိနစ်တွင် ဒုတိယအကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်၊ သေဆုံးမှုအခြေအနေအား မသိရသေးကြောင်း F2Y အဖွဲ့က ပြောသည်။

People's Spring
People's Spring

တောင်ဒဂုံမြို့နယ်တွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုများမှာ စစ်ကောင်စီတပ်၏ ကင်းပုန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Freedom From Fear Youths(F2Y)မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၇၁)ရပ်ကွက်နဝဒေးလမ်းရှိ အမှတ်(၃)အခြေခံပညာလယ်တန်းကျောင်းတွင် နေ့စဉ် ည ၇ နာရီခန့်မှစပြီး ကင်းပုန်းဝပ်တပ်စွဲလေ့ရှိသည့် စစ်ကောင်စီတပ်အား နှစ်ကြိမ်ဆက်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်သည့် စာသင် ကျောင်းအနီး ပထမအကြိမ်ဖောက်ခွဲတိုက်ခိုက်ခြင်းကို ယမန်နေ့ည ၈ နာရီခွဲတွင်ပြုလုပ်ခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့် စစ်သားနှင့်အရပ်ဝတ် ၁၅ ဦးခန့်ပါဝင်သည့် စစ်ကောင်စီလက်ပါးစေများ ထပ်မံရောက်ရှိလာကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထပ်ရောက်လာသည့် စစ်ကောင်စီလက်ပါးစေများကို ည ၈ နာရီ ၅၀မိနစ်တွင် ဒုတိယအကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်၊ သေဆုံးမှုအခြေအနေအား မသိရသေးကြောင်း F2Y အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ခွေကားရဲခွေးကားများ၊ အရေးပေါ်လူနာ တင်ယာဉ်များ ရောက်ရှိလာကြောင်းကို စုံစမ်းရသောပတ်ဝန်းကျင်ရှိ သတင်းအရင်းမြစ်များမှတဆင့် သိရှိရပါသည်။ ထိခိုက်သေဆုံးမှုကိုတော့ ထပ်မံစုံစမ်းဆဲဖြစ်ပါသည်”ဟု F2Y အဖွဲ့က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုများပြုလုပ်ခဲ့သောFreedom From Fear Youths-F2Y(ကြောက်ရွံ့ခြင်းကင်းသော လူငယ်များအဖွဲ့)သည် ရန်ကုန်စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့နှင့် လက်တွဲဆောင် ရွက်နေသည့် ပြောက်ကျားတပ်ဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။