Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​လေးလမ်းတွင် စစ်​ကောင်စီတပ်ကား နှစ်စီးမိုင်းဆွဲ တိုက်ခိုက်ခံရ

“မုံရွာမြို့တွင်းက ထွက်လာတဲ့စခကားတွေပါ။ မိုင်းဆွဲခံရပြီးပြီးချင်း ၄၀ မမတွေနဲ့ပြန်ပစ်တာပါ။ ပြီးတာနဲ့ ဆက်တိုက်အော်တိုဆွဲတော့ သူတို့ဘာတွေဖြစ်ကျန်မယ်ဆိုတာ သေချာမကြည့်မိဘူးဗျ။”ဟု Immortal Guerilla Force IGF-Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ ဖြေကြားသည်။

သေဆုံးထိခိုက်သူများနှင့် မိုင်းဆွဲခံရ​သော​နေရာကို ညတွင်းချင်းပြန်​ခေါ်ပြီးရှင်းလင်းသွား

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ကားနှစ်စီးတိုက်ခိုက်ခံရပြီး ​သေဆုံးထိခိုက်မှုများရှိသဖြင့် ထိုကားနှစ်စီးအားပြန်ဆွဲယူသွားကာ တိုက်ခိုက်ခံရသည့်​နေရာအား ညတွင်းချင်းလာရောက်ရှင်းလင်းသွားကြောင်း PDFအဖွဲ့များက ပြောသည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Immortal Guerilla Force IGF-Monywa တို့က ညီနောင်ပူးပေါင်းစစ်ဆင်ရေးအဖြစ်ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က မုံရွာမြို့မှတောင်ဘက်သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီကားနှစ်စီးကို ညီနောင်အဖွဲ့က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ရာ ကားနှစ်စီးလုံး ထိုးရပ်သွားခဲ့ပြီး စကစလက်နက်ကိုင်များ ကားပေါ်မှဆင်းကာ ၄၀ မီလီမီတာ လက်နက်ကြီး ၄ ချက်၊ သေနတ်အချက်ပေါင်းများစွာတို့ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုသို့ပစ်ခတ်နေစဥ် ၎င်းတို့ပစ်ခတ်ရာနေရာရှိ ပဒေသာမိုင်းတွဲကို ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ပစ်ခတ်မှုများ တစ်မိနစ်ခန့်​ ငြိမ်သက်သွားသည်။ထို​နောက် မုံရွာဘက်မှ အိမ်စီးကား ၁ဝ စီးခန့်ဖြင့် စကစလက်နက်ကိုင်များ ထပ်မံရောက်ရှိလာရာ အလောင်းနှင့် ထိခိုက်သွားသူများအား ကောက်ယူခြင်း၊ ကားလမ်းပေါ်ရှိ သွေးများအသားစများကိုဆေးကြောခြင်းများကို ည ၁၂ နာရီအချိန်အထိ ဆောင်ရွက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“မုံရွာမြို့တွင်းက ထွက်လာတဲ့စခကားတွေပါ။ မိုင်းဆွဲခံရပြီးပြီးချင်း ၄၀ မမတွေနဲ့ပြန်ပစ်တာပါ။ ပြီးတာနဲ့ ဆက်တိုက်အော်တိုဆွဲတော့ သူတို့ဘာတွေဖြစ်ကျန်မယ်ဆိုတာ သေချာမကြည့်မိဘူးဗျ။”ဟု Immortal Guerilla Force IGF-Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ ဖြေကြားသည်။

ထို့နောက်မုံရွာဘက်မှ ချောင်းဦးဘက်သို့ ဦးတည်မောင်းနှင်လာသောခရီးသွားပြည်သူများ၏ ကားများကို လူသားတံတိုင်းအဖြစ် အသုံးပြုရန် မုံရွာဘက်သို့ပြန်လှည့်မောင်းစေ၍ မိုင်းထိသော စစ်ကားနှစ်စီးကိုဆွဲကာ မုံရွာမြို့အတွင်း ပြန်လည်ဝင်ရောက်သွားသည်ဟု သိရှိခဲ့ရသည်။တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးသည်အကြမ်းဖက်စစ်သားအရေအတွက်ကို မသိရသေးကြောင်း PDFအဖွဲ့က ပြောသည်။

အဆိုပါဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းသေနတ်မှန်ကာသေဆုံးခဲ့ရ၍ များစွာစိတ်မကောင်းဖြစ်ရပြီး ဝမ်းနည်းကြေကွဲရကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်လက်နက်ကိုင်များ၏ အနီးတဝိုက်တွင် သွားလာနေထိုင်ခြင်းလုံးဝမပြုလုပ်ကြရန်နှင့် လမ်းခရီးသွားလာရာတွင်လည်း မည်သည့်ကားနှင့်မျှ အနီးကပ်မောင်းနှင်သွားလာခြင်းမပြုကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Immortal Guerilla Force IGF-Monywa တို့က အသိပေးမေတ္တာရပ်ခံသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့အဝင်မုခ်ဦးအနီး လူနေအိမ်၊ တောင်ယာတဲများ၊ ကွမ်းခြံများအား အကြမ်းဖက်စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်နှင့် တောင်ယာတဲ အလုံး ၅၀ ဝန်းကျင်နှင့် ကွမ်းခြံ ၃၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

မီးရှို့ဖျက်ဆီးမှူများအတွက် မုံရွာမြို့ပေါ် တွင်လည်း စစ်ကောင်စီ၏ ထောက်တိုင်များ၊ စစ်ကောင်စီတပ် တပ်စွဲရာအနီးတဝိုက်နေရာများအား မြို့ပြပျောက်ကြားအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ရာမုံရွာမြို့ အမှတ်(၂)ရဲစခန်း၊ ကမ္ဘောဇဘဏ်ခွဲသုံးခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်တစ်လုံးနှင့် ဆည်မြောင်းရုံး အပါအဝင် စုစုပေါင်း ၁၃ နေရာထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပျောက်ကြားအဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။