Connect with us

Hi, what are you looking for?

News

မုံရွာ-ချောင်းဦးလမ်းတွင်တိုက်ခိုက်ခံရ​သောစစ်​ကောင်စီတပ်အရာရှိ တစ်ဦးအပါအဝင် ၂၀​ကျော်​သေဆုံးဟုထုတ်ပြန်

“စစ်ကောင်စီရဲ့လက်ကိုင်တုတ်အရာရှိဆိုတာ စစ်တပ်ဘက်က အရာရှိပါ။”ဟု Immortal Guerilla Force IGF-Monywaအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသတင်းသို့ဖြေကြားသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တ​လေးလမ်း၌ စစ်​ကောင်စီတပ်ကား နှစ်စီးမိုင်းဆွဲ တိုက်ခိုက်ခံရသည့်ဖြစ်စဥ်တွင် အရာရှိတစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးကြောင်း ခုခံတိုက်ခိုက်ခဲ့သည့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှစ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Immortal Guerilla Force IGF-Monywa တို့က ညီနောင်ပူးပေါင်းစစ်ဆင်ရေးအဖြစ်ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က မုံရွာမြို့မှတောင်ဘက်သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီကားနှစ်စီးကို ညီနောင်အဖွဲ့က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ရာ ကားနှစ်စီးလုံး ထိုးရပ်သွားခဲ့ပြီး စကစလက်နက်ကိုင်များ ကားပေါ်မှဆင်းကာ ၄၀ မီလီမီတာ လက်နက်ကြီး ၄ ချက်၊ သေနတ်အချက်ပေါင်းများစွာတို့ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။စစ်​ကောင်စီတပ်ရှိရာ​နေရာတွင် ပဒေသာမိုင်းတွဲဖြင့်ပါ ​ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ​သေနတ်သံများ ငြိမ်သွားပြီး စစ်ကောင်စီက ထိခိုက်သွားသူများအား မုံရွာမှအိမ်စီးကားများဖြင့်လာသယ်ခဲ့ရသည်။ တိုက်ခိုက်ခံရ​သော​နေရာတွင် ​သေဆုံးဒဏ်ရာရသူများကို သယ်​ဆောင်သွားပြီး ​ရေဖြင့်ပင်​ဆေး​ကြောခဲ့​ကြောင်းလည်းသိ့ရသည်။

ယနေ့ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အဆိုပါဖြစ်စဥ်နောက်ဆက်တွဲသတင်းထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်
စစ်ကောင်စီ၏ လက်ကိုင်တုတ်အရာရှိတစ်ဦးအပါအဝင် ကားပိ၍ သေသူ၊ မိုင်းထိမှန်၍သေသူစုစုပေါင်း ၂၀ ကျော်သေဆုံးသည်ဟု PDFအဖွဲ့များက အသိပေးခဲ့သည်။

“စစ်ကောင်စီရဲ့လက်ကိုင်တုတ်အရာရှိဆိုတာ စစ်တပ်ဘက်က အရာရှိပါ။”ဟု Immortal Guerilla Force IGF-Monywaအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသတင်းသို့ဖြေကြားသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းသေနတ်မှန်ကာသေဆုံးခဲ့ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်လက်နက်ကိုင်များ၏ အနီးတဝိုက်တွင် သွားလာနေထိုင်ခြင်းလုံးဝမပြုလုပ်ကြရန်နှင့် လမ်းခရီးသွားလာရာတွင်လည်း မည်သည့်ကားနှင့်မျှ အနီးကပ်မောင်းနှင်သွားလာခြင်းမပြုကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Immortal Guerilla Force IGF-Monywa တို့က အသိပေးမေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။