Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာစစ်သား ၁၄ဦးသေပြီး အများအပြားဒဏ်ရာရဟု ဗိုလ်ဂျပန်ပြော

အကြမ်းဖက်စစ်ကောင်စီသည် အင်အား ၂၀၀ မှ ၄၀၀ ကြားရှိသော စစ်ကြောင်းငါးကြောင်းဖြင့်မကွေးတိုင်း မြိုင်နှင့်ပေါက်ဒေသကို ယခုလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံပြည်သူ့တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

မကွေးတိုင်း ပေါက်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို အလစ်အငိုက်ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ၁၄ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသည်ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

မြိုင်မြို့နယ်မှတစ်ဆင့် စစ်ကြောင်းစထိုးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို အချိန်ယူစောင့် ဆိုင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“မြိုင်ကို စစ်ခွေးတွေ အင်အားအလုံးအရင်းနဲ့လာကတည်းက သူတင်ကိုယ်တင် ပစ်ချင်တယ်။ဒါပေမယ့် လက်နက်မမျှတော့ ဆုတ်ပေးလိုက်တယ်။အခု ပေါက်နယ်ကို စကူးတဲ့အချိန်မှာ အလစ်ဝင်တိုက်ခဲ့တာ။သူတို့ အထိနာနေလို့ စစ်ခွေးတွေက အခု ညပိုင်းအထိ ကျွန်တော်တို့ ဆုတ်ခဲ့တဲ့ လမ်းကြောင်းအတိုင်းစစ် ကြောင်းထိုးနေတုန်းပဲ”ဟု ဗိုလ်ဂျပန်က ရှင်းပြသည်။

လက်ရှိ ပေါက်မြို့နယ်အတွင်း တိုက်ပွဲကို ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)နှင့် Zero ပြောက်ကျားအဖွဲ့တို့မှ ခုခံစစ်ဖြင့် ဆင်နွှဲလျှက်ရှိကြောင်း PRA က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် အင်အား ၂၀၀ မှ ၄၀၀ ကြားရှိသော စစ်ကြောင်းငါးကြောင်းဖြင့်မကွေးတိုင်း မြိုင်နှင့်ပေါက်ဒေသကို ယခုလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံပြည်သူ့တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

အဆိုပါ သာလွန်အင်အားဖြင့် စစ်တပ်၏ စီးနင်းမှုကြောင့် ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) ၏ တပ်ခွဲစခန်းနှစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ထို့ကြောင့် ပြည်သူ့တော်လှန်ရေး တပ်မ တော်(PRA) အနေဖြင့် အကောင်းဆုံးလက်တုန့်ပြန်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်လည်း ယမန်နေ့(ဇန်နဝါရီ ၂၁ ရက်)တွင် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ထက်၀က်ကျော် ပြန်မိထားတယ်လို့ ဒေသခံနဲ့စစ်ရေးတာ၀န်ရှိသူတချို့က ပြောပါတယ်။