Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာစစ်သား ၁၄ဦးသေပြီး အများအပြားဒဏ်ရာရဟု ဗိုလ်ဂျပန်ပြော

အကြမ်းဖက်စစ်ကောင်စီသည် အင်အား ၂၀၀ မှ ၄၀၀ ကြားရှိသော စစ်ကြောင်းငါးကြောင်းဖြင့်မကွေးတိုင်း မြိုင်နှင့်ပေါက်ဒေသကို ယခုလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံပြည်သူ့တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

မကွေးတိုင်း ပေါက်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို အလစ်အငိုက်ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ၁၄ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသည်ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

မြိုင်မြို့နယ်မှတစ်ဆင့် စစ်ကြောင်းစထိုးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို အချိန်ယူစောင့် ဆိုင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“မြိုင်ကို စစ်ခွေးတွေ အင်အားအလုံးအရင်းနဲ့လာကတည်းက သူတင်ကိုယ်တင် ပစ်ချင်တယ်။ဒါပေမယ့် လက်နက်မမျှတော့ ဆုတ်ပေးလိုက်တယ်။အခု ပေါက်နယ်ကို စကူးတဲ့အချိန်မှာ အလစ်ဝင်တိုက်ခဲ့တာ။သူတို့ အထိနာနေလို့ စစ်ခွေးတွေက အခု ညပိုင်းအထိ ကျွန်တော်တို့ ဆုတ်ခဲ့တဲ့ လမ်းကြောင်းအတိုင်းစစ် ကြောင်းထိုးနေတုန်းပဲ”ဟု ဗိုလ်ဂျပန်က ရှင်းပြသည်။

လက်ရှိ ပေါက်မြို့နယ်အတွင်း တိုက်ပွဲကို ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)နှင့် Zero ပြောက်ကျားအဖွဲ့တို့မှ ခုခံစစ်ဖြင့် ဆင်နွှဲလျှက်ရှိကြောင်း PRA က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် အင်အား ၂၀၀ မှ ၄၀၀ ကြားရှိသော စစ်ကြောင်းငါးကြောင်းဖြင့်မကွေးတိုင်း မြိုင်နှင့်ပေါက်ဒေသကို ယခုလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံပြည်သူ့တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

အဆိုပါ သာလွန်အင်အားဖြင့် စစ်တပ်၏ စီးနင်းမှုကြောင့် ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) ၏ တပ်ခွဲစခန်းနှစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ထို့ကြောင့် ပြည်သူ့တော်လှန်ရေး တပ်မ တော်(PRA) အနေဖြင့် အကောင်းဆုံးလက်တုန့်ပြန်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်လည်း ယမန်နေ့(ဇန်နဝါရီ ၂၁ ရက်)တွင် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။