Connect with us

Hi, what are you looking for?

News

ရေဦးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၁၀ ဦးခန့်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရဟုဆို

ဒေသကာကွယ်ရေးတပ်များ၏ ပရိရာယ်သုံးတိုက်ခိုက်မှုကိုခံရသည့် စစ်ကောင်စီတပ်များသည် ရဲမာန်အောင်ကျေးရွာ ငှက်ကျကျောင်းသို့ ပြန်ဆုတ်ပြီး ဒဏ်ရာရတပ်သား ၃၀ ကျော်ကိုကုသမှုပေးနေကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။

(ရေဦးမြို့ ပြည်သူများ စစ်အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြနေသည်ကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့်သေဆုံးပြီး ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ ဝေဟင်စွန်ရဲ(ရေဦး)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇန်နဝါရီ ၂၁)နံနက် ၉နာရီခန့်က ရေဦးမြို့နယ် ဇေယျဝတီကျေးရွာမှတစ်ဆင့် ရဲမာန်အောင်ကျေးရွာဘက် စစ်ကြောင်းထိုးလာစဥ် ရှော့ဂန်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ရဲမာန်ကျေးရွာ​အရှေ့ ငှက်ကြကျောင်းဘုန်းတော်ကြီးကျောင်းဘက်ကိုရောက်တော့ ခွေးတွေက (တော်လှန်ရေးရဲဘော်)ပွိုင့်သမားများကိုတွေ့တော့ အင်အား ၆၀ လောက်က ပွိုင့်သမားတွေကို လိုက်ပစ်ပါတယ်။ ရဲဘော်တွေကလည်း ခွေးတွေပွိုင့်ရှေ့ရောက်တော့ ပြေးရင်းနဲ့ခွဲခဲ့တာပါ”ဟု ဝေဟင်စွန်ရဲပြောက်ကျားတပ်မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

ဒေသကာကွယ်ရေးတပ်များ၏ ပရိရာယ်သုံးတိုက်ခိုက်မှုကိုခံရသည့် စစ်ကောင်စီတပ်များသည် ရဲမာန်အောင်ကျေးရွာ ငှက်ကျကျောင်းသို့ ပြန်ဆုတ်ပြီး ဒဏ်ရာရတပ်သား ၃၀ ကျော်ကိုကုသမှုပေးနေကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များက စစ်ကြောင်းခွဲကာ စစ်ကြောင်းများထိုးလျက်ရှိရာ ယမန်နေ့(ဇန်နဝါရီ ၂၁)နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် ခုနစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။