Connect with us

Hi, what are you looking for?

News

အရာ​တော်နယ်တွင် စစ်​ကောင်စီတပ်၏ ကားနှစ်စီး နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

“စစ်ခွေးတွေ သေတယ်လို့ ကြားတယ်။အဲဒါကြောင့် ရွာကို ပတ်မဲပြီး ဆဲဆိုနေတယ်”ဟု အရာတော် ဒေသခံတစ်ဦးက ပြောသည်။

(အရာတော်မြို့နယ်တွင် ပြီးခဲ့သည့်လပိုင်းအတွင်းက အကြမ်းဖက်စစ်တပ်သားများ လမ်းပိတ်ဆို့၍ စစ်ဆေးနေသည်ကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကားနှစ်စီးကို နှစ်ကြိမ်တိုင်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့(ဇန်နဝါရီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ၂၃) နံနက်၆နာရီခွဲခန့်က အရာတော်အနောက်နယ်၊ယ အောင်သာကုန်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့များ ကားနှစ်စီးဖြင့် အရှေ့ဘက်သို့ တက်လာစဉ် ကျောက်စရစ်ကန်ကျေးရွာအထွက်တွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်က ဆိုသည်။

ထို့နောက် ဝါးရောင်းကျေးရွာအနီးတွင် နောက်တစ်ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“စစ်ခွေးတွေ သေတယ်လို့ ကြားတယ်။အဲဒါကြောင့် ရွာကို ပတ်မဲပြီး ဆဲဆိုနေတယ်”ဟု အရာတော် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရမ်းသမ်းပစ်ခတ်ပြီး ဝါးရောင်းကျေးရွာအနောက်ဘက် သရက်ပင်ရိုးတောခြေကို မွှေနှောက်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် အနီးအနားရှိရွာများမှ ဒေသခံများလည်း ပြေးလွှားရှောင်တိမ်းနေရကြောင်း သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ဇန်နဝါရီ ဒုတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် အရာတော်မြို့နယ်ရှိကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်တွင် မြို့နယ်တော်လှန်ရေး အင်အားစုများက မိုင်းဆွဲတိုက်ခိုက်မှု စတင်ခဲ့သည်။

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု ARA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook