Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် ပျူစောထီးသင်တန်းပေးနေသော ကျေးရွာအား ပြည်သူ့ကာကွယ်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးသုံးဦးသေ

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ပျူစောထီးသုံးဦး သေဆုံးကာ သုံးဦးထိခိုက် ဒဏ်ရာရကြောင် မြေပြင်ကနဦးသတင်းကို အောင်ဆန်းတပ်ဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ပျူစောထီးသင်တန်းပေးနေသော ကျေးရွာအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးသုံးဦး သေဆုံးကြောင်း အောင်ဆန်းတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

ပျူစောထီးများအား စစ်သင်တန်းပေးနေသော ပုလဲမြို့နယ် ဇီးဖြူကုန်းရွာအား ယနေ့ နံနက် ၂နာရီတွင် အောင်ဆန်းတပ်ဖွဲ့နှင့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မဟာမိတ်တပ်ပေါင်းစုမှ ဝင်ရောက် ပစ်ခတ်မှုပြုလုပ်ခဲ့သည်။

တိုက်ပွဲမှာ ၁၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုမှာ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အောင်ဆန်းတပ်ဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ပျူစောထီးသုံးဦး သေဆုံးကာ သုံးဦးထိခိုက် ဒဏ်ရာရကြောင် မြေပြင်ကနဦးသတင်းကို အောင်ဆန်းတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

မဟာမိတ်တပ်ပေါင်းစုမှ တစ်ဦးဒဏ်ရာရပြီး မစိုးရိမ်ရကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပုလဲမြို့နယ်တွင်း ကျေးရွာများမှ ပျူစောထီးသင်တန်းတက်ရောက်သူများ နှင့် ၎င်းတို့ မိသားစု၏ အသက် အိုးအိမ်ကို သက်ညှာမည်မဟုတ်ကြောင်း Pale Joker PDF အဖွဲ့ခေါင်းဆောင် ဗိုလ်ပုလဲအပါအဝင် ပြည်သူ့တပ်ဖွဲ့ များက မကြာသေးမီရက်ပိုင်းတွင် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။