Connect with us

Hi, what are you looking for?

News

အချိန်မနှောင်းမီ ပြည်သူ့ရင်ခွင် ခိုလှုံရန် KNDFပန်ကြား၊ ခိုလှုံလာ​သောတပ်မ​တော်သားများကိုကျပ်သိန်း ၂၀ နှင့်လစဉ် တစ်လကျပ်ငါးသောင်းထောက်ပံ့ပေးမည်ဟုထုတ်ပြန်

တပ်မတော်သားများ၏ အခက်အခဲကို ကောင်စွာ သဘောပေါက်နားလည်ကြောင်း၊ KNDF တပ်ရင်း (၃)ထံ ဝင်ရောက်ခိုလှုံမည့် တပ်မတော်သားများကို နွေးထွေးစွာကြိုဆိုရန် အသင့်ရှိနေကြောင်း ဖော်ပြထားသည်။

(KNDF တပ်ရင်း (၃) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

တပ်မတော်သားများအနေဖြင့် အချိန်မနှောင်းမီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကာ ပြည်သူလူထုအပေါ် မတရား ညှင်းပန် နှိပ်စက်ပြီး မျက်ရည်ပေါက်ကြီးငယ်ကျစေသော အာဏာရှင် တစ်စု၏ ကြိုးကိုင်မှုအောက်မှ ရုန်းထွက်လာကြရန် ဖိတ်ခေါ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၃)က ယနေ့ထုတ်ပြန်သည်။

တပ်မတော်သားများ၏ အခက်အခဲကို ကောင်စွာ သဘောပေါက်နားလည်ကြောင်း၊ KNDF တပ်ရင်း (၃)ထံ ဝင်ရောက်ခိုလှုံမည့် တပ်မတော်သားများကို နွေးထွေးစွာကြိုဆိုရန် အသင့်ရှိနေကြောင်း ဖော်ပြထားသည်။

ရဲရင့်ပြတ်သားသော စိတ်နှင့် သတ္တိများကို အသိအမှတ်ပြုသောအားဖြင့် လာရောက်ခိုလှုံမည့် တပ်မတော်သားများကို တစ်ဦးလျင် ကျပ် သိန်း ၂၀ နှင့်တစ်လလျင်ကျပ် ငါသောင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်းအသိပေးထားသည်။

စားဝတ်နေရေးအတွက် တာဝန်ယူမည့်အပြင် မိသားစုများနှင့် အဆက်အသွယ်ရနိုင်ရန်လည်းစီစဉ်ပေးမည်ဖြစ်
ကြောင်း၊လူထုတော်လှန်ရေးအောင်မြင်သည့် အချိန်ရောက်ပါက တပ်မတော်သားများကို လွတ်လပ်စွာ နေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်းKNDFတပ်ရင်း (၃)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အောင်ပွဲခရီးမဝေးတော့၍ အတူတကွ ပူးပေါင်းကာ ပြည်သူလူထုကို ကာကွယ်ပေးကြရန် မေတ္တာရပ်ခံသည်ဟုလည်းပါရှိသည်။

ပြည်သူလူထု ကိုယ်တိုင် အဆုံးအဖြတ်ပေးမည့် အချိန်ရောက်သည့်အခါတွင် မုန့်ယူမလား တုတ်ယူမလားဆိုသည်မှာ တပ်မတော်သားတစ်ဦးစီ၏ ကိုယ်ပိုင် ရွေးချယ်မှုပေါ်တွင်သာမူတည်ကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်ထားသည်။

KNDF၏ ထုတ်ပြန်ချက်ကို CDM စစ်သားနှင့်ရဲ တို့၏ အရေးကိစ္စများ ကိုင်တွယ်ဆောင်ရွက်နေသည့် ပြည်သူ့ပန်းတိုင် အဖွဲ့က ထပ်မံဖော်ပြကာ KNDF တပ်ရင်း(၃)ထံ ဝင်ရောက်ခိုလှုံလိုသော တပ်မတော်သားများ အနေဖြင့် ထုတ်ပြန်ချက်ကို သေချာဖတ်ရှုပြီး ပြည်သူ့တပ်သားအဖြစ် ခံယူလိုပါက ၀၉၄၅၅၅၆၅၇၆၉၊ ၀၉၉၈၁၈၈၀၉၂၆ နှင့် ၀၉၆၈၄၅၄၇၈၉၅ သို့ ဆက်သွယ်ကြရန် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

Facebook