Connect with us

Hi, what are you looking for?

News

ကသာတွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

KIA တပ်မဟာ(၈)နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီက ဆက်တိုက် စစ်ရေးလှုပ်ရှားလာ၍ မကြာခဏ တိုက်ပွဲဖြစ်ပွား နေသည်။

(ပုံစာ- KIA တပ်ဖွဲ့ဝင်အချို့)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ကသာမြို့နယ်တွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၈) နယ်မြေ ကသာ၊ နောင်ချိုဒေသတွင် ဇန်နဝါရီလ(၂၃)ရက်နေ့ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်အင်းအား(၁၀၀)ခန့်ပါရှိသည့် တပ်မ(၉၉)တပ်ဖွဲ့များက KIA ရှိရာနေရာသို့ စစ်ရေးလှုပ်ရှားဝင်ရောက်လာ၍ ခုခံတိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

သို့​သော်တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်မှု အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

ဇန်နဝါရီလ(၂၂)ရက်နေ့ကလည်း အင်အား(၈၀)ခန့်ပါသည့် စစ်ကောင်စီတပ်များ ကသာဘက်မှ စစ်ရေးလှုပ်ရှားလာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲမှာ ၃နာရီခန့်ကြာမြင့်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြခဲ့ပြီး တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှုရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

KIA တပ်မဟာ(၈)နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီက ဆက်တိုက် စစ်ရေးလှုပ်ရှားလာ၍ မကြာခဏ တိုက်ပွဲဖြစ်ပွား နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။