Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာတွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

KIA တပ်မဟာ(၈)နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီက ဆက်တိုက် စစ်ရေးလှုပ်ရှားလာ၍ မကြာခဏ တိုက်ပွဲဖြစ်ပွား နေသည်။

(ပုံစာ- KIA တပ်ဖွဲ့ဝင်အချို့)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ကသာမြို့နယ်တွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၈) နယ်မြေ ကသာ၊ နောင်ချိုဒေသတွင် ဇန်နဝါရီလ(၂၃)ရက်နေ့ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်အင်းအား(၁၀၀)ခန့်ပါရှိသည့် တပ်မ(၉၉)တပ်ဖွဲ့များက KIA ရှိရာနေရာသို့ စစ်ရေးလှုပ်ရှားဝင်ရောက်လာ၍ ခုခံတိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

သို့​သော်တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်မှု အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

ဇန်နဝါရီလ(၂၂)ရက်နေ့ကလည်း အင်အား(၈၀)ခန့်ပါသည့် စစ်ကောင်စီတပ်များ ကသာဘက်မှ စစ်ရေးလှုပ်ရှားလာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲမှာ ၃နာရီခန့်ကြာမြင့်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြခဲ့ပြီး တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှုရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

KIA တပ်မဟာ(၈)နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီက ဆက်တိုက် စစ်ရေးလှုပ်ရှားလာ၍ မကြာခဏ တိုက်ပွဲဖြစ်ပွား နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။