Connect with us

Hi, what are you looking for?

News

အရာ​တော်နယ်ရှိ ပြည်သူများထံမှ လုယက်သယ်​​ဆောင်လာ​သော စစ်​ကောင်စီတပ်၏ကားနှစ်စီးကို ​ညီ​နောင်မဟာမိတ်ရှစ်ဖွဲ့ တိုက်ခိုက်၊ ပျူ​စောထီးတစ်ဦး​သေ

ဇန်နဝါရီ ဒုတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ခန့်မှာ အရာတော်မြို့နယ်ရှိကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်တွင် မြို့နယ်တော်လှန်ရေး အင်အားစုများက မိုင်းဆွဲတိုက်ခိုက်မှုစတင်ခဲ့သည်။

(စစ်​ကောင်စီယာဥ်နှစ်စီးကို တိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ် ။ ဓါတ်ပုံ- သ​ပြေညို​ပျေက်ကြားတပ်ဖွဲ့)

ပြည်သူများထံမှ ပစ္စည်းများလုယက်သယ်​ဆောင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများပါရှိသည့် ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ညီနောင်မဟာမိတ်ရှစ်ဖွဲ့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီးတစ်ဦးသေဆုံးခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က လူထုနွေဦးသို့ ပြောသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ၂၃ ရက် နံနက်၆ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်း အရာတော်မြို့နယ် အောင်သာကုန်းကျေးရွာမှ ကားနှစ်စီးဖြင့် ထွက်လာစဥ် စတင်တိုက်ခိုက်ခံခဲ့ရသည်။

(စစ်​ကောင်စီယာဥ်နှစ်စီးကို တိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ် ။ ဓါတ်ပုံ- သ​ပြေညို​ပျေက်ကြားတပ်ဖွဲ့)

“သေသွားတဲ့ ပျူစောထီးကို ကျွန်တော်တို့ မသတ်ဘူးလို့ အတန်တန်ပြောတဲ့ကြားထဲက ထွက်ပြေးတာ။အဲဒါကြောင့် ပစ်လိုက်ရတာ။စစ်ခွေးတွေလည်း သေတယ်ဆိုတာတော့ အတည်ပြုတယ်။ဘယ်နှစ်ယောက်မှန်း မသိသေးလို့ပါ”ဟု သပြေညိုပြောက် ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အရာ​တော်နယ် ဝါရောင်းကျေးရွာအနောက်ဘက်၌ ပထမအကြိမ်တိုက်ခိုက်မှုတွင် ပဒေသာမိုင်းလေးလုံး အသုံးပြုခဲ့ပြီး ကားနှစ်စီးအနက်တစ်စီးမှာထိုးရပ်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီယာဥ်နှစ်စီးကို တိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ် ။ ဓါတ်ပုံ- သ​ပြေညို​ပျေက်ကြားတပ်ဖွဲ့)

ထိုနေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

ထို့နောက် စစ်ကောင်စီလက်ပါးစေ ပျူစောထီးနှစ်ဦးက မိုင်းဆွဲခံရသည့်ကားကို ထပ်မံပါရှိသည့် ကားတစ်စီးဖြင့် ချိတ်ဆွဲ၍ ကျောက်စရစ်ရွာကန်ရွာဘက်သို့ ပြန်ထွက်ခွာစဥ် ပဒေသာမိုင်းနှစ်လုံး၊တူမီးရှေ့ထွက်လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး ဒဏ်ရာရရှိပြီး ဖမ်းမိသော်လည်း ထွက်ပြေးရန် ကြိုပမ်းသဖြင့် ပစ်သတ်ခဲ့ရကြောင်း သပြေညိုပြောက် ကျားတပ်ဖွဲ့ကထုတ်ပြန်ထား သည်။

(စစ်​ကောင်စီယာဥ်နှစ်စီးကို တိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ် ။ ဓါတ်ပုံ- သ​ပြေညို​ပျေက်ကြားတပ်ဖွဲ့)

ဇန်နဝါရီ ဒုတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ခန့်မှာ အရာတော်မြို့နယ်ရှိကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်တွင် မြို့နယ်တော်လှန်ရေး အင်အားစုများက မိုင်းဆွဲတိုက်ခိုက်မှုစတင်ခဲ့သည်။

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု ARA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook