Connect with us

Hi, what are you looking for?

LuduNwayOo

News

အမရပူရမြို့နယ်တွင် စစ်ကောင်စီတပ် ကင်းပုန်းများနှင့် ရာအိမ်မှူးတစ်ဦး တိုက်ခိုက်ခံရ၊ စစ်သားနှစ်ဦးလည်း ဒဏ်ရာရ

“(ရာအိမ်မှူး)ဒလန်ကတော့ လွတ်မြောက်သွားပြီး သူ့ရဲ့နေအိမ်တိုက်ပဲ ပျက်စီးသွားခဲ့တယ်ဗျ”ဟု LPDF (Sintgaing)မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မန္တလေးမြို့ အမရပူရမြို့နယ်တွင် စစ်ကောင်စီတပ် ကင်းပုန်းများနှင့် ရာအိမ်မှူးတစ်ဦးတို့အား တိုက်ခိုက်ခဲ့ကြောင်း LPDF(Sintgaing)က ထုတ် ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂၄)နံနက် ၅ နာရီကျော်တွင် အမရပူရမြို့နယ် ရေကြည်ပေါက်ရွာရှိ စစ်ထွက်ရာအိမ်မှူး မင်းကိုနိုင်အား မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“(ရာအိမ်မှူး)ဒလန်ကတော့ လွတ်မြောက်သွားပြီး သူ့ရဲ့နေအိမ်တိုက်ပဲ ပျက်စီးသွားခဲ့တယ်ဗျ”ဟု LPDF (Sintgaing)မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထိုအပြင် ယနေ့ နေ့လယ် ၁၁ နာရီခန့်တွင် အမရပူရမြို့နယ် မြစ်ငယ်ရထားဝန်းရှိ လူစီးနှင့် ကုန်တွဲစက်ခေါင်းရုံရှေ့နှင့် ရထားဆေးရုံးအနီးမှ စစ်ကောင်စီတပ်ကင်းပုန်းနေရာများအား မိုင်းသုံးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း LPDF(Sintgaing)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦးထိခိုက်ပြီး တော်လှန်ရေးရဲဘော်များအနေဖြင့် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုများကို Myit Nge People’s Defence Force နှင့် LPDF(Sintgaing)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။