Connect with us

Hi, what are you looking for?

News

အမရပူရမြို့နယ်တွင် စစ်ကောင်စီတပ် ကင်းပုန်းများနှင့် ရာအိမ်မှူးတစ်ဦး တိုက်ခိုက်ခံရ၊ စစ်သားနှစ်ဦးလည်း ဒဏ်ရာရ

“(ရာအိမ်မှူး)ဒလန်ကတော့ လွတ်မြောက်သွားပြီး သူ့ရဲ့နေအိမ်တိုက်ပဲ ပျက်စီးသွားခဲ့တယ်ဗျ”ဟု LPDF (Sintgaing)မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မန္တလေးမြို့ အမရပူရမြို့နယ်တွင် စစ်ကောင်စီတပ် ကင်းပုန်းများနှင့် ရာအိမ်မှူးတစ်ဦးတို့အား တိုက်ခိုက်ခဲ့ကြောင်း LPDF(Sintgaing)က ထုတ် ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂၄)နံနက် ၅ နာရီကျော်တွင် အမရပူရမြို့နယ် ရေကြည်ပေါက်ရွာရှိ စစ်ထွက်ရာအိမ်မှူး မင်းကိုနိုင်အား မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“(ရာအိမ်မှူး)ဒလန်ကတော့ လွတ်မြောက်သွားပြီး သူ့ရဲ့နေအိမ်တိုက်ပဲ ပျက်စီးသွားခဲ့တယ်ဗျ”ဟု LPDF (Sintgaing)မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထိုအပြင် ယနေ့ နေ့လယ် ၁၁ နာရီခန့်တွင် အမရပူရမြို့နယ် မြစ်ငယ်ရထားဝန်းရှိ လူစီးနှင့် ကုန်တွဲစက်ခေါင်းရုံရှေ့နှင့် ရထားဆေးရုံးအနီးမှ စစ်ကောင်စီတပ်ကင်းပုန်းနေရာများအား မိုင်းသုံးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း LPDF(Sintgaing)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦးထိခိုက်ပြီး တော်လှန်ရေးရဲဘော်များအနေဖြင့် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုများကို Myit Nge People’s Defence Force နှင့် LPDF(Sintgaing)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။