Connect with us

Hi, what are you looking for?

News

မုံရွာတွင် စစ်​ကောင်စီပစ်မှတ် သုံး​နေရာကို တိုက်ခိုက်ခဲ့ဟု PDF(မုံရွာ​တောင်ပိုင်း)ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးအဖွဲ့သားများ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်မှုအခြေအနေကိုမူ လုံခြုံရေးအရစောင့်ကြည့်နိုင်ခြင်းမရှိ၍ မသိရသေးကြောင်း People’s Defence Force- South Monywa က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ရဲစခန်း၊ ရဲဝန်ထမ်းလိုင်းခန်းနှင့် စစ်​ကောင်စီတပ်စွဲထား​သောဆည်မြောင်းရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာနယ်တောင်ပိုင်းနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က မုံရွာမြို့ အမှတ် ၂ ရဲစခန်းရှေ့ရှိ Banker ကို လက်လုပ်ဗုံးတစ်လုံး၊ အမှတ် ၂ ရဲစခန်း၏ ဝန်ထမ်းအိမ်ရာကို လက်လုပ်ဗုံးတစ်လုံး တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force- South Monywa က သတင်းထုတ်ပြန်သည်။

Public Service Announcement

ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီ တပ်များ တပ်စွဲထားသည့် ဆည်မြောင်းရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force- South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့သားများ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်မှုအခြေအနေကိုမူ လုံခြုံရေးအရစောင့်ကြည့်နိုင်ခြင်းမရှိ၍ မသိရသေးကြောင်း People’s Defence Force- South Monywa က အသိပေးသည်။

Public Service Announcement

Public Service Announcement

ရဲဘော်များ၏ လုံခြုံရေးနှင့် အခြားသောအခြေအနေ အကြောင်းကြောင်းကြောင့် ယခင်ကကဲ့သို့ လုပ်ဆောင်ခဲ့သော Mission များ အားလုံးကို ဖေါ်ပြနိုင်ခြင်းမရှိသလို၊ Mission များ ပြီးပါက ချက်ချင်းဖေါ်ပြနိုင်တော့မည် မဟုတ်ကြောင်း၊ အလျင်းသင့်သလိုသာ လုပ်ဆောင်ခဲ့သည့် Mission များကို ဖေါ်ပြအသိပေးနိုင်မည်ဖြစ်ကြောင်း လည်းအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။