Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့အနီး စစ်ကောင်စီတပ်၏ ဆိုင်ကယ်ယာဥ်တန်း တိုက်ခိုက်ခံရ၊ တစ်ဦးသေပြီး အများအပြားဒဏ်ရာရ

ဝက်လက်မြို့ အရှေ့ဘက်အထွက် ကုန်းကြီးကွေ့အနီး စစ်ကောင်စီတပ်၏ ဆိုင်ကယ်ယာဥ်တန်းအား ယနေ့နံနက် ၁၀ နာရီကျော်တွင် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖောင်းဒိုင်းအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနီးတွင် ယနေ့(ဇန်နဝါရီ ၂၅)နံနက်ပိုင်းက စစ်ကောင်စီတပ်သားများ မောင်းနှင်လာသည့် ဆိုင်ကယ်ယာဥ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က လူထုနွေဦးသို့ ပြောသည်။

ဝက်လက်မြို့ အရှေ့ဘက်အထွက် ကုန်းကြီးကွေ့အနီး စစ်ကောင်စီတပ်၏ ဆိုင်ကယ်ယာဥ်တန်းအား ယနေ့နံနက် ၁၀ နာရီကျော်တွင် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖောင်းဒိုင်းအဖွဲ့က ပြောသည်။

“သူတို့(စစ်ကောင်စီတပ်)ကတော့ ထုံးစံအတိုင်း မြို့အဝင်အထွက်တွေ လာစစ်တာလေ။ မြို့အဝင်အထွက်ကို ဆိုင်ကယ်ခုနစ်စီး လူ ၁၄ ယောက်နဲ့ လာစစ်တာ။ ကျွန်တော်တို့က မိုင်းကြိုထောင်ထားပြီး ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ခွဲချလိုက်တာ”ဟု ဖောင်းဒိုင်းအဖွဲ့ခေါင်ဆောင် ဗိုလ်နဂါးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်ခုနစ်စီးလုံးနှင့် စစ်ကောင်စီတပ်သား ၁၄ ဦးလုံးမိုင်းထိမှန်ကာ တစ်ဦးမှာ နေရာတင်သေဆုံးသွားပြီး ကျန်သူများ ထိခိုက်ဒဏ်ရာရရှိသွာကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များသည် ဝက်လက်မြို့ပေါ်၌သာ တပ်စွဲထားပြီး မြို့ပြင်ထွက်ကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်သည်မျိုး မရှိသေးကြောင်း ဖောင်းဒိုင်းအဖွဲ့ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။