Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့အနီး စစ်ကောင်စီတပ်၏ ဆိုင်ကယ်ယာဥ်တန်း တိုက်ခိုက်ခံရ၊ တစ်ဦးသေပြီး အများအပြားဒဏ်ရာရ

ဝက်လက်မြို့ အရှေ့ဘက်အထွက် ကုန်းကြီးကွေ့အနီး စစ်ကောင်စီတပ်၏ ဆိုင်ကယ်ယာဥ်တန်းအား ယနေ့နံနက် ၁၀ နာရီကျော်တွင် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖောင်းဒိုင်းအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနီးတွင် ယနေ့(ဇန်နဝါရီ ၂၅)နံနက်ပိုင်းက စစ်ကောင်စီတပ်သားများ မောင်းနှင်လာသည့် ဆိုင်ကယ်ယာဥ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က လူထုနွေဦးသို့ ပြောသည်။

ဝက်လက်မြို့ အရှေ့ဘက်အထွက် ကုန်းကြီးကွေ့အနီး စစ်ကောင်စီတပ်၏ ဆိုင်ကယ်ယာဥ်တန်းအား ယနေ့နံနက် ၁၀ နာရီကျော်တွင် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖောင်းဒိုင်းအဖွဲ့က ပြောသည်။

“သူတို့(စစ်ကောင်စီတပ်)ကတော့ ထုံးစံအတိုင်း မြို့အဝင်အထွက်တွေ လာစစ်တာလေ။ မြို့အဝင်အထွက်ကို ဆိုင်ကယ်ခုနစ်စီး လူ ၁၄ ယောက်နဲ့ လာစစ်တာ။ ကျွန်တော်တို့က မိုင်းကြိုထောင်ထားပြီး ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ခွဲချလိုက်တာ”ဟု ဖောင်းဒိုင်းအဖွဲ့ခေါင်ဆောင် ဗိုလ်နဂါးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်ခုနစ်စီးလုံးနှင့် စစ်ကောင်စီတပ်သား ၁၄ ဦးလုံးမိုင်းထိမှန်ကာ တစ်ဦးမှာ နေရာတင်သေဆုံးသွားပြီး ကျန်သူများ ထိခိုက်ဒဏ်ရာရရှိသွာကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များသည် ဝက်လက်မြို့ပေါ်၌သာ တပ်စွဲထားပြီး မြို့ပြင်ထွက်ကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်သည်မျိုး မရှိသေးကြောင်း ဖောင်းဒိုင်းအဖွဲ့ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။