Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ် ဘန်ဘွေ့ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်

ထိတွေ့တိုက်ပွဲများမှာ ဇန်နဝါရီ ၁၆ ရက်မှ ၂၁ ရက်နေ့အထိ နေ့ညတိုက်ပွဲများဖြစ်ပွားခဲ့ပြီး မဟာမိတ်တပ်ပေါင်စုများဘက်မှ ဒရုန်းတစ်စင်းပျက်စီးသည်မှလွဲ၍ အထိအခိုက် အကျအဆုံး မရှိခဲ့ကြောင်း DGF က ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ် တပ်စွဲခဲ့​သော​နေရာ။ ဓါတ်ပုံ- DGF)

-စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေပြီး အများအပြား ဒဏ်ရာရ

ယင်းမာပင်မြို့နယ် ၊ဘန်ဘွေ့ရွာအတွင်း လာရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များ အကြိမ် ကြိမ်တိုက်ခိုက်ခံရခြင်းကြောင့် တပ်ပြန်ဆုတ်သွားကြောင်း Democratic Guerrilla Force – DGF က ယနေ့(ဇန်နဝါရီ ၂၅)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များ ယခုတစ်ကြိမ် ပြန်လည်ဆုတ်ခွာမှုသည် ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့်နှစ်(၂၀၂၁) ဒီဇင်ဘာ ၂၄ ရက်က ပထမအကြိမ် ဆုတ်ခွာခဲ့ရကြောင်း DGF ထံမှ သိရသည်။

(စစ်​ကောင်စီတပ် တပ်စွဲခဲ့​သော​နေရာ။ ဓါတ်ပုံ- DGF)

“(ထိတွေ့တိုက်ပွဲ)သုံးကြိမ်လောက်တော့ရှိနိုင်မယ်။ အဓိကကတော့ လက်နက်ကြီးတွေနဲ့ပစ်တာများတယ်။ ကျုပ်တို့ဖက်ကလည်း ၆၀ မမ စိန်ပြောင်းတွေပါပါတယ်”ဟု တိုက်ခိုက်မှုများနှင့်စပ်လျဥ်းပြီး DGF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျော်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး စစ်ရေးအရ အထိနာခဲ့သောကြောင့် တပ်ဆုတ်သွားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ ထပ်လာမယ်လို့မျှော်လင့်ထားလို့ ပြည်သူတွေ သတိဝီရိယနဲ့ နေကြဖို့ ပန်ကြားချင်ပါတယ်။ ကျုပ်တို့လည်း ထပ်ပြင်ဆင်ထားပါတယ်”ဟု DGF တပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ်များသည် ဘန်ဘွေ့ရွာအတွင်း တပ်စွဲထားစဥ် ပြည်သူပိုင်နေအိမ် ၂၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ဝက် ၁၅ ကောင်အား သတ်ဖြတ်စားသောက်သွားကြောင်း ၎င်းက ဆက်​ပြောသည်။

ဘန်ဘွေ့ရွာသို့ လာရောက်တပ်စွဲသည့် စစ်ကောင်စီတပ်များကို Democratic Guerrilla Force (Lower Chindwin) – DGF (L.C)၊ Democratic Guerrilla Force – DGF ၊ မြွေဆိုးပြောက်ကျားတပ်ဖွဲ့၊ မြွေဟောက်ပြောက် ကျားတပ်ဖွဲ့၊ B21ပြောက်ကျားတပ်ဖွဲ့၊ ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ရိုးမဖိုက်တာပြောက်ကျားတပ်ဖွဲ့ စသည့် မဟာမိတ်တပ်များ စုပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိတွေ့တိုက်ပွဲများမှာ ဇန်နဝါရီ ၁၆ ရက်မှ ၂၁ ရက်နေ့အထိ နေ့ညတိုက်ပွဲများဖြစ်ပွားခဲ့ပြီး မဟာမိတ်တပ်ပေါင်စုများဘက်မှ ဒရုန်းတစ်စင်းပျက်စီးသည်မှလွဲ၍ အထိအခိုက် အကျအဆုံး မရှိခဲ့ကြောင်း DGF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။