Connect with us

Hi, what are you looking for?

LuduNwayOo

News

အရေးပေါ်အကူအညီများပေးနိုင်ရန် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ သွားလာခွင့် လိုအပ်နေဟု OCHA ထုတ်ပြန်

(ကရင်နီပြည်နယ်ရှိ နောင်လုံနှင့် ကွန်နားရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို ၂၀၂၁ ဒီဇင်ဘာ ၁၈ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်နေသူများသည် အရေးပေါ်အကူအညီများပေးနိုင်ရန် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ သွားလာခွင့် လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ယနေ့(ဇန်နဝါရီ ၂၆ ရက်) ထုတ်ပြန်သည်။

ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခ၊ မတည်ငြိမ်သည့် လုံခြုံရေးအခြေအနေနှင့် သွားလာခွင့်မရခြင်းတို့ကြောင့် လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူများသည် အကာအကွယ်ပေးရေးဆိုင်ရာဝန်ဆောင်မှုနှင့် အရေးပေါ်အကူအညီများကို လိုအပ်နေသူများထံပေးအပ်ရန် ခဲယဉ်းနေသည်ဟု OCHA က ဆိုသည်။

မြန်မာနိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားသော တိုက်ပွဲများသည် ပိုမိုပြင်းထန်လာပြီး လက်နက်ကြီးအသုံးပြုမှု၊ လေကြောင်းမှ တိုက်ခိုက်မှုများရှိနေကြောင်း OCHA ၏ အစီရင်ခံစာ၌ ဖော်ပြသည်။

အဆိုပါပြင်းထန်သည့် တိုက်ပွဲများကြောင့် အရပ်သားပိုင် ပစ္စည်းပျက်စီးဆုံးရှုံးရမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများ ရှိနေပြီး ဇန်နဝါရီလ ၁၇ ရက်တွင် ရရှိသည့် ကိန်းဂဏန်းများအရ စစ်ကိုင်း၊ ချင်းနှင့် မကွေး တို့ရှိ ပြည်သူများအပါအဝင် လူဦးရေ ၁၆၇,၈၀၀ ခန့်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၀၂၁ မေလလယ်ကတည်းက နေအိမ်အလုံးပေါင်း ၁,၈၄၀၊ ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် အခြားအရပ်သားပိုင်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း OCHA က အစီရင်ခံသည်။

တချိန်တည်းတွင် ကယား၊ ကရင်၊ ရှမ်း၊ မွန်၊ တနင်္သာရီနှင့် ပဲခူးတို့ရှိ ပြည်သူများ အပါအဝင် လူဦးရေ ၂၁၇,၉၀၀ ခန့်သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် တိုက်ပွဲ‌ရှောင် ထွက်ပြေးခဲ့ကြ ရကြောင်း OCHA က ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

ဆောင်းပါး

စစ်​ကောင်စီက​မူ စစ်ရှုံးမှုအ​ပေါ် တစ်ခွန်းမျှမ​ပြောဘဲ လူမျိုး​ရေအဓိကရုဏ်းဖြစ်ရန်၊ စစ်ပွဲအရှုံးအ​ပေါ်အာရုံ​ပြောင်းရန် သာ လှုံ့​ဆော်စာများဖြန့်​ဝေခြင်းအလုပ်များ​နေသည်ကို​တွေ့ရသည်။