Connect with us

Hi, what are you looking for?

News

မင်းတပ်မြို့နယ်မှ Non-CDM ဝန်ထမ်းများ နှစ်ပါတ်အတွင်းCDM ဝင်ရန် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့သတိ​ပေး

မင်းတပ်မြို့နယ်နှင့်ပတ်သက်သော အချက်နှစ်ချက်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဇန်နဝါရီ ၂၆ရက်)တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ဒေသတွင်းဌာနဆိုင်ရာဝန်ထမ်းများအားလုံး နှစ်ပါတ်အတွင်း CDM ပြုလုပ်ရန်နှင့် စစ်ကောင်စီဒေါက်တိုင်ဌာနဆိုင်ရာအကြီးအကဲများအပါအဝင် Non CDM ဝန်ထမ်းများအ‌နေဖြင့် ကျုးလွန်ခဲ့သမျှကို တာဝန်ခံရမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်နှင့်ပတ်သက်သော အချက်နှစ်ချက်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဇန်နဝါရီ ၂၆ရက်)တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

မင်းတပ်မြို့နယ်အတွင်းရှိ Non-CDMဝန်ထမ်းများအနေဖြင့် အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင် ဝင်ရောက်ကြောင်း မိမိနေထိုင်သော နီးစပ်ရာတိုက်နယ်မှူး၊ အုပ်စုအုပ်ချုပ်ရေးမှူးကျေးရွာအုပ်ချုပ်ရေးမှူးထံ ကိုယ်ရေးအချက်အလက်အပြည့်အစုံနှင့်အတူ နှစ်ပတ်အတွင်း အမြန်စာရင်းပေးသွင်းကြရန်နှင့်CDM ဆောင်ရွက်ခြင်းမရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်တပ်က မတရားအာဏာသိမ်းမှုနောက်ပိုင်း ပြန်လည်ပေးဆပ်ရန်မလိုသည့် နိုင်ငံ့ဝန်ထမ်း အတိုးမဲ့ချေးငွေများအား ဖိအားပေးခြိမ်းခြောက်တောင်းခံခြင်း၊ အာဏာအလွဲသုံးစားပြုခြင်း၊ CDMပြုလုပ်၍ ထုတ်ပယ်ခံထားရသူများနှင့် CDMပြုလုပ်ဆဲ ဝန်ထမ်းများ၏ ကိုယ်ရေး အချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီထံပေးပို့နေသည့် ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့၏ပြုလုပ်မှု၊ ပျက်ကွက်မှုများနှင့်စပ်လျဉ်း၍ အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်းနှင့် ပြင်းထန်စွာအရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသတိပေးထားသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ် မင်းတပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အားကောင်းနေပြီဖြစ်သလို ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်း လည်ပတ်နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။