Connect with us

Hi, what are you looking for?

News

CDF(မတူပီ)ကစစ်​ကောင်စီယာဥ်တန်းကိုတိုက်ခိုက် ၅ဦး​သေ၊ ၁၀ ဦးဒဏ်ရာရဟုထုတ်ပြန်

၂၀၂၁ခုနှစ်တွင်း အကြမ်းဖက်စစ်ကောင်စီ နှင့် CDF(မတူပီ)တို့ကြား တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု Chinland Joint Defense Committeeက ထုတ်ပြန်ထားသည်။

မတူပီ-မင်းတပ်လမ်းပိုင်း မိုင်တိုင် ၈၀ တွင် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို ယမန့်(ဇန်နဝါရီ ၂၆) ကမနက်၉နာရီက တိုက်ခိုက်ရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-CDF(မတူပီ)က သတင်းထုတ်ပြန်သည်။

ထိုတိုက်ခိုက်မူတွင်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့​ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့ ပစ်ခတ်မူကြောင့် ကျေးရွာနေပြည်သူများနှင့် CDFဘက်မှ အထိအခိုက်အကျအဆုံးမရှိခဲ့ကြောင်းနှင့်စစ်​ကောင်စီယာဉ်တန်းသည် မင်းတပ်နယ်ထဲကို ရောက်ရှိသွားပြီဖြစ်​ကြောင်းဆက်လက်​ဖော်ပြထားသည်။

ထိုအပြင် CDF(မတူပီ)နှင့် ချင်းအမျိုးသားတပ်ဦးတို့ကယမန့်နေ ညနေ ၄ နာရီတွင် စစ်ကောင်စီအခြေစိုက် ခမရ ၃၀၄ တပ်ရင်းကို ဝင်ရောက်ပစ်ခတ်ရာတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုအတူ ဇန်နဝါရီ ၂၄ ရက်တွင် မတူပီ-မင်းတပ်လမ်းမ ချန်ပြန်းရွာဟောင်းအနီးတွင် မတူပီမှ စစ်ကြောင်းထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက်ရာတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟုလည်း​ဖော်ပြထားသည်။ ထိုတိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်အကျအဆုံးမရှိခဲ့ကြောင်း CDF(မတူပီ)က သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၃ ရက်တွင်လည်း မတူပီ-ပလက်ဝ လမ်းမပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသော ထယ်ဘွေးတပ်စခန်းကို CDF(မတူပီ)က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်စစ်ကောင်စီနှင့် CDF(မတူပီ) တို့ကြား တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။

၂၀၂၁ခုနှစ်တွင်း အကြမ်းဖက်စစ်ကောင်စီ နှင့် CDF(မတူပီ)တို့ကြား တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု Chinland Joint Defense Committeeက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook