Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘို-မန္တ​လေးလမ်းတွင် စစ်​ကောင်စီတပ်ယာဥ်တန်းမိုင်းဆွဲခံရ

“စကစတွေက Express ကားနဲ့လာတာပါ။ ရွှေဘိုအထွက်နားမှာတိုက်ခိုက်ခဲ့တာပါ။”ဟု SBDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းတွင် ယမန်နေ့ညက
အာဏာသိမ်းစစ်ကောင်စီတပ်ယာဥ်တန်း ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း Shwe Bo Defense Force SBDF က သတင်းထုတ်ပြန်
သည်။

ယမန်နေ့( ဇန်နဝါရီလ ၂၆ ရက်) ည ၁၀ နာရီ ၁၇မိနစ်ခန့်က ရွှေဘို-မန္တလေးလမ်း၊ လှတောနှင့် ရွှေဘိုကြားတွင် SBPF တပ်စိပ် ၄ မိုင်းအဖွဲ့နှင့် မဟာမိတ်အဖွဲ့ Burmese Dragon Force တို့က မြစ်ကြီးနားဘက်သို့ဦးတည်သွားနေသည့် ခပ်ခွာခွာလာနေသော စစ်ကောင်စီယာဥ် ၃ စီးပါယာဥ်တန်းမှ အလယ်တစ်စီးအား ပဒေသာဆွဲမိုင်း ၅ လုံးခွဲပြီး တိုက်ခိုက်ခဲ့ရာ အရှိန်နှင့်လိမ့်ပြီး ထိုးရပ်သွားခဲ့သည်။မိုင်း​ကြောင့် ထိခိုက်ပျက်စီးမှု အကြီးအကျယ်ရှိနိုင်ပြီး နောက်ကားတစ်စီးမှာလည်း ရှေ့ဆက်မတိုးရဲဘဲ နောက်ပြန်လှည့်သွားခဲ့ကြောင်း SBDFက အသိပေးသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်ကထိခိုက်မှုများရှိနိုင်သော်လည်း ညအချိန်ဖြစ်၍ မသိနိုင်ကြောင်း SBDFက ပြောသည်။

“စကစတွေက Express ကားနဲ့လာတာပါ။ ရွှေဘိုအထွက်နားမှာတိုက်ခိုက်ခဲ့တာပါ။”ဟု SBDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၂ဝ ရက်နေ့ နေ့လယ် ၂း၃၀ ခန့်ကလည်း SBPF တပ်စိပ် ၃ မိုင်းအဖွဲ့က မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်း၊ ခင်ဦးလမ်းဆုံအနီးတွင် စကစကားနှစ်စီးအနက် နောက်တစ်စီးကို ပဒေသာမိုင်း ၈လုံးခွဲကာတိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀း၃၀ ခန့်ကလည်း ဝက်လက်-လှတောလမ်းတွင် မဟာမိတ်အဖွဲ့များက ပဒေသာဆွဲမိုင်း ၄ လုံးဖြင့် မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စကစဘက်မှထိခိုက်မှုရှိသဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦးပေါင်ထိမှန်ခဲ့ကြောင်း SBDFက အသိပေးထားသည်။

မန္တလေး-မြစ်ကြီးနားလမ်းအပါအဝင် လမ်းများပေါ်တွင် SBDF တပ်စိတ်များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားနေပြီး အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ရန် အဆင်သင့်ရှိနေကြောင်း Shwe Bo Defense Force SBDF က အသိပေးသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။