Connect with us

Hi, what are you looking for?

News

မန္တလေးက KBZ ဘဏ်ခွဲ ဗုံးပစ်ခံရ

ဒီနေ့မနက်ပိုင်း ပေါက်ကွဲမှုမှာတော့ မှန်ကွဲစထိမှန်လို့ တစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

People's Spring
People's Spring

ဒီနေ့မနက်ပိုင်း ၉ နာရီခွဲလောက်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဈေးထိပ်မှာရှိတဲ့ KBZ ဘဏ်ခွဲ ဗုံးပစ်ခံလိုက်ရတယ်လို့သိရပါတယ်။

ဒါဟာ ရက်ပိုင်းအတွင်း မန္တလေးမှာ ရှိတဲ့ KBZ ဘဏ်ခွဲ တစ်ခု ထပ်မံ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ချမ်းအေးသာစံမြို့နယ်ထဲက KBZ ရဲ့ ATM စက် ဟာ မီးပုလင်းနဲ့ ပစ်ခံခဲ့ရတာပါ။

ဒါအပြင် စစ်ကိုင်းမြို့မှာလည်း KBZ ဘဏ်နား ပေါက်ကွဲမှုတွေ အဲဒီရက်ပိုင်းကဖြစ်ခဲ့ပါသေးတယ်။

ဒီနေ့မနက်ပိုင်း ပေါက်ကွဲမှုမှာတော့ မှန်ကွဲစထိမှန်လို့ တစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။