Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးက KBZ ဘဏ်ခွဲ ဗုံးပစ်ခံရ

ဒီနေ့မနက်ပိုင်း ပေါက်ကွဲမှုမှာတော့ မှန်ကွဲစထိမှန်လို့ တစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

People's Spring
People's Spring

ဒီနေ့မနက်ပိုင်း ၉ နာရီခွဲလောက်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဈေးထိပ်မှာရှိတဲ့ KBZ ဘဏ်ခွဲ ဗုံးပစ်ခံလိုက်ရတယ်လို့သိရပါတယ်။

ဒါဟာ ရက်ပိုင်းအတွင်း မန္တလေးမှာ ရှိတဲ့ KBZ ဘဏ်ခွဲ တစ်ခု ထပ်မံ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ချမ်းအေးသာစံမြို့နယ်ထဲက KBZ ရဲ့ ATM စက် ဟာ မီးပုလင်းနဲ့ ပစ်ခံခဲ့ရတာပါ။

ဒါအပြင် စစ်ကိုင်းမြို့မှာလည်း KBZ ဘဏ်နား ပေါက်ကွဲမှုတွေ အဲဒီရက်ပိုင်းကဖြစ်ခဲ့ပါသေးတယ်။

ဒီနေ့မနက်ပိုင်း ပေါက်ကွဲမှုမှာတော့ မှန်ကွဲစထိမှန်လို့ တစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။