Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ထယ်​ဘွေးတပ်စခန်းကို တိုက်ခိုက်စဥ် CDF(မတူပီ) ရဲ​ဘော်သုံးဦးကျဆုံး

မိုင်းထိမှန်ကျဆုံးခဲ့သည့် ဆလိုင်းဆိုင်းလျန်သည် CDF(မတူပီ) တပ်ရင်း ၃ မှဖြစ်ပြီး ကျန်နှစ်ဦးမှာ တပ်ရင်း ၁ မှဖြစ်​ကြောင်း CDFနှင့် နီးစပ်​သော​ဒေသခံတစ်ဦးကပြောသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ် မတူပီ-ပလက်ဝကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ထယ်ဘွေးတပ်စခန်းကို CDF(မတူပီ)ကသွားရောက်တိုက်ခိုက်စဥ် CDF(မတူပီ)ဘက်ရဲဘော် ၃ ဦးကျဆုံးသွားကြောင်း ဒေသခံများကပြောသည်။

ပြည်သူနှင့် နိုင်ငံ​တော်အတွက် အသက်​ပေးလှူသွားသည့်ရဲဘော် သုံးဦးအနက် ဆလိုင်းဆိုင်းလျန်သည် အကြမ်းဖက်စစ်ကောင်စီတပ်များထောင်ထားသည့် မိုင်းများကို ရှင်းလင်းစဉ် ​ပေါက်ကွဲကျဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးဖြစ်​သောဆလိုင်းတုန်မန်းနှင့် ဆလိုင်းလျန်အောင်တို့မှာ စစ်​​ကောင်စီတပ်နှင့် တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ စစ်​ကောင်စီတပ်ဘက်မှ ​သေဆုံးထိ့ခိုက်မှု ရှိ၊မရှိကိုမူမသိ့ရ​သေး​ပေ။

မိုင်းထိမှန်ကျဆုံးခဲ့သည့် ဆလိုင်းဆိုင်းလျန်သည် CDF(မတူပီ) တပ်ရင်း ၃ မှဖြစ်ပြီး ကျန်နှစ်ဦးမှာ တပ်ရင်း ၁ မှဖြစ်​ကြောင်း CDFနှင့် နီးစပ်​သော​ဒေသခံတစ်ဦးကပြောသည်။

“မိုင်းထိတဲ့ တစ်ယောက်က အိမ်ထောင်သည်တစ်ယောက်ပါ။သူမှာကလေးလဲရှိတယ်”ဟု အထက်ပါ​ဒေသခံက​ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင်ကျဆုံးခဲ့​သော ဆလိုင်းတုန်မန်၏ မိတ်ဆွေတစ်ဦးကလည်း“ဆလိုင်းတုန်မန်က ရန်ကုန် ဖွံဖြိုးရေးဒီဂရီကောလိပ်က ကျောင်းသားတစ်ဦးပါ။ သူကျဆုံးတယ်ကြားရတယ်။ တော်တော်စိတ်မကောင်းဖြစ်ရတယ်။”ဟု​ပြောသည်။

မင်းတပ်-မတူပီလမ်း မိုင်၇၀ ဝန်းကျင်တွင် ယမန့်နေ့တည်းက တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။

မတူပီ-ပလက်ဝလမ်းပေါ်ရှိ စစ်ကောင်စီ၏ ထယ်ဘွေးတပ်စခန်းကို CDF(မင်းတပ်) က ဇန်နဝါရီလအတွင်း သုံးကြိမ်​မြောက်သွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်တွင် ပထမအကြိမ်သွားရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၇ ၊၈ တိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ ၂ ဦး​သေဆုံးခဲ့ပြီး ​ဒေသခံကာကွယ်​ရေးတပ်များမှ ထိ့ခိုက်ကျဆုံးသူမရှိခဲ့​ပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။