Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ၏ထယ်​ဘွေးတပ်စခန်းကို တိုက်ခိုက်စဥ် CDF(မတူပီ) ရဲ​ဘော်သုံးဦးကျဆုံး

မိုင်းထိမှန်ကျဆုံးခဲ့သည့် ဆလိုင်းဆိုင်းလျန်သည် CDF(မတူပီ) တပ်ရင်း ၃ မှဖြစ်ပြီး ကျန်နှစ်ဦးမှာ တပ်ရင်း ၁ မှဖြစ်​ကြောင်း CDFနှင့် နီးစပ်​သော​ဒေသခံတစ်ဦးကပြောသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ် မတူပီ-ပလက်ဝကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ထယ်ဘွေးတပ်စခန်းကို CDF(မတူပီ)ကသွားရောက်တိုက်ခိုက်စဥ် CDF(မတူပီ)ဘက်ရဲဘော် ၃ ဦးကျဆုံးသွားကြောင်း ဒေသခံများကပြောသည်။

ပြည်သူနှင့် နိုင်ငံ​တော်အတွက် အသက်​ပေးလှူသွားသည့်ရဲဘော် သုံးဦးအနက် ဆလိုင်းဆိုင်းလျန်သည် အကြမ်းဖက်စစ်ကောင်စီတပ်များထောင်ထားသည့် မိုင်းများကို ရှင်းလင်းစဉ် ​ပေါက်ကွဲကျဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးဖြစ်​သောဆလိုင်းတုန်မန်းနှင့် ဆလိုင်းလျန်အောင်တို့မှာ စစ်​​ကောင်စီတပ်နှင့် တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ စစ်​ကောင်စီတပ်ဘက်မှ ​သေဆုံးထိ့ခိုက်မှု ရှိ၊မရှိကိုမူမသိ့ရ​သေး​ပေ။

မိုင်းထိမှန်ကျဆုံးခဲ့သည့် ဆလိုင်းဆိုင်းလျန်သည် CDF(မတူပီ) တပ်ရင်း ၃ မှဖြစ်ပြီး ကျန်နှစ်ဦးမှာ တပ်ရင်း ၁ မှဖြစ်​ကြောင်း CDFနှင့် နီးစပ်​သော​ဒေသခံတစ်ဦးကပြောသည်။

“မိုင်းထိတဲ့ တစ်ယောက်က အိမ်ထောင်သည်တစ်ယောက်ပါ။သူမှာကလေးလဲရှိတယ်”ဟု အထက်ပါ​ဒေသခံက​ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင်ကျဆုံးခဲ့​သော ဆလိုင်းတုန်မန်၏ မိတ်ဆွေတစ်ဦးကလည်း“ဆလိုင်းတုန်မန်က ရန်ကုန် ဖွံဖြိုးရေးဒီဂရီကောလိပ်က ကျောင်းသားတစ်ဦးပါ။ သူကျဆုံးတယ်ကြားရတယ်။ တော်တော်စိတ်မကောင်းဖြစ်ရတယ်။”ဟု​ပြောသည်။

မင်းတပ်-မတူပီလမ်း မိုင်၇၀ ဝန်းကျင်တွင် ယမန့်နေ့တည်းက တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။

မတူပီ-ပလက်ဝလမ်းပေါ်ရှိ စစ်ကောင်စီ၏ ထယ်ဘွေးတပ်စခန်းကို CDF(မင်းတပ်) က ဇန်နဝါရီလအတွင်း သုံးကြိမ်​မြောက်သွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်တွင် ပထမအကြိမ်သွားရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၇ ၊၈ တိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ ၂ ဦး​သေဆုံးခဲ့ပြီး ​ဒေသခံကာကွယ်​ရေးတပ်များမှ ထိ့ခိုက်ကျဆုံးသူမရှိခဲ့​ပေ။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။