Connect with us

Hi, what are you looking for?

News

မန္တလေးက ဆရာဂျီးမုန့်ဟင်းခါးဆိုင်ကို စစ်ကောင်စီတပ်တွေဝင်စီးပြီး ဆိုင်ရှင်ကိုဖမ်းခေါ်သွား

ဒီလိုဖမ်းဆီးတာဟာ စစ်ကောင်စီခေါင်းဆောင်သိက္ခာမရှိအောင် အွန်လိုင်းမှာရေးသားတာနဲ့အသံတိတ်သပိတ်ကို လှုံဆော်တာကြောင့်လို့ စစ်ကောင်စီထောက်ခံသူတွေကတော့ ဖေ့ဘွတ်ခ်မှာရေးသားနေကြပါတယ်။

မန္တလေးမြို့မှာ လူသိများတဲ့ ဆရာဂျီးမုန့်ဟင်းခါး ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မှာ ဝင်ရောက်စီးနင်းကာ ဆိုင်ရှင်ကို ဖမ်းဆီးသွားတယ်လို့အနီးပတ်ဝန်းကျင်ဒေသခံတွေဆီကသိရပါတယ်။

ဆရာဂျီး မုန့်ဟင်းခါး ဆိုင်ရှင်ကိုစစ်ကောင်စီက ဘာကြောင့် ဖမ်းဆီးလဲဆိုတာကို အတည်ပြုလို့မရသေးပါဘူး။

ဒီလိုဖမ်းဆီးတာဟာ စစ်ကောင်စီခေါင်းဆောင်သိက္ခာမရှိအောင် အွန်လိုင်းမှာရေးသားတာနဲ့အသံတိတ်သပိတ်ကို လှုံဆော်တာကြောင့်လို့ စစ်ကောင်စီထောက်ခံသူတွေကတော့ ဖေ့ဘွတ်ခ်မှာရေးသားနေကြပါတယ်။

တဆက်တည်းမှာပဲ ဆိုင်ကို စစ်ကောင်စီတပ်တွေဝင်စီးတဲ့ ရုပ်သံဖိုင်လည်း လူမှုကွန်ရက်မှာ စစ်ကောင်စီလိုလားသူတွေက မျှဝေနေကြတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်း နှစ်ပတ်လည်နေ့မှာ ပြုလုပ်မယ့်အသံတိတ်သပိတ်အောင်မြင်မှာကို ထိတ်လန့်နေတဲ့အတွက် လူထု ခြောက်ခြားအောင် ဖမ်းဆီးပြတာတွေ လုပ်ပြနေတာလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေက ပြောကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်မှာ ကျင်းပမယ့် အသံပိတ်သပိတ်ကို နှိုးဆော်ရင် ၊ ပါဝင်ရင် ဥပဒေပေါင်းစုံနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။