Connect with us

Hi, what are you looking for?

LuduNwayOo

News

အနာဂတ်မျိုးဆက်များအတွက် ညီညွတ်စွာအားထုတ်ကြရန် KNU ဥက္ကဋ္ဌတိုက်တွန်း

နေရာဒေသအသီးသီးတွင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဒေသကာကွယ်ရေးတပ် (LDF) များကို ပုံစံအမျိုးမျိုးနှင့် တည်ထောင်လာကြကာ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင် စနစ် မှန်သမျှ ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် လက်နက်ကိုင် ခုခံတိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်း KNUဥက္ကဋ္ဌက ဆိုသည်။

အာဏာရှင်များ၏ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များကို အလွှာအသီးသီးရှိ မြန်မာလူမျိုးများပါ ခုခံတော်လှန်နေကြချိန်ဖြစ်ဟုဆို

ပြည်သူလူထုအားလုံးနှင့် ပြည်ထောင်စုကြီးအတွင်းရှိ လူမျိုးတိုင်း၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဦးတည်လျက် ကရင်အမျိုးသားများအပြင် သက်ဆိုင်ရာလူမျိုးတိုင်း အဖွဲ့အစည်းတိုင်းနှင့် ပြည်သူလူထုတစ်ရပ်လုံးက စည်းစည်းလုံးလုံးနှင့်စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

မနက်ဖြန်(ဇန်နဝါရီ ၃၁ရက်)တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့သို့ KNU ဥက္ကဋ္ဌက သဝဏ်လွှာပေးပို့ရာတွင် ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သော ခေတ်ကာလများတွင် ခုခံတော်လှန်နေကြသူများသည် မြန်မာလူမျိုးမဟုတ်သော အခြား လူမျိုးများကသာအမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်များအတွက်ခုခံတိုက်ပွဲဝင်ခဲ့ကြ သော်လည်း လက်ရှိကာလတွင် အလွှာအသီးသီးရှိ မြန်မာလူမျိုးများမှ အစိုးရဝန်ထမ်းများ၊ အလုပ်သမားများ နှင့်လူငယ်၊လူရွယ်များ အသိအမြင်များ ပွင့်လင်းလာကြပြီး မိမိတို့၏အနာဂတ်လှပရေးနှင့် မိမိတို့ ရှေ့ဆက်ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်အာဏာရှင်များ၏နိုင်ငံရေးနှင့်စစ်ရေးလမ်းစဉ်များကို ခုခံတော်လှန်နေကြပြီဖြစ်သည်ဟု သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

နေရာဒေသအသီးသီးတွင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဒေသကာကွယ်ရေးတပ် (LDF) များကို ပုံစံအမျိုးမျိုးနှင့် တည်ထောင်လာကြကာ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင် စနစ် မှန်သမျှ ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် လက်နက်ကိုင် ခုခံတိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်း KNUဥက္ကဋ္ဌက ဆိုသည်။

ကရင်အမျိုးသား ခုခံတော်လှန်ရေး၏ ရည်ရွယ်ချက်သည် စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီး ဝါဒကို ဖျက်သိမ်းပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အပြည့်အ၀အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ အစစ်အမှန်ကို တည်ထောင်ရန်ဖြစ်ကြောင်း၎င်းက ပြောသည်။

ဤရည်မှန်းချက် သည် ကရင်တစ်မျိုးသားထုအပြင် ကရင်အမျိုးသားအကျိုးစီးပွားအတွက် ကြိုးပမ်းအားထုတ်နေကြသည့် ကရင်အမျိုးသားအဖွဲ့အစည်းများအားလုံးနှင့် သက်ဆိုင်နေကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကပြောကြားပြီး လက်ရှိအချိန်တွင် မိမိတို့အနေဖြင့် လူမျိုးကြီး ဝါဒကိုလက်ကိုင်အသုံးချနေသော စစ်အာဏာရှင်များနှင့် ရင်ဆိုင်နေရသည်ဟု သဝဏ်လွှာ၌ ဖော်ပြသည်။

လူမျိုးကြီး ဝါဒနှင့်အာဏာရှင် စနစ်များကို ပုံစံမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့နေရသမျှကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ထိန်းသိမ်းမြှင့်တင်နိုင်မည်မဟုတ်ဟုဆိုသည်။

ယင်းသို့သောအကြောင်းတရားများကြောင့် စစ်အာဏာရှင် စနစ်အပြင် လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် မှန်သမျှ ကို အပြီးတိုင် ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီဒီမိုကရေစီနိုင်ငံ အစစ်အမှန်ကို တည်ထောင်နိုင်ရေးအတွက် ကရင်အမျိုးသားများ ကရင်အမျိုးသားအဖွဲ့အစည်းများနှင့် နိုင်ငံတအဝှမ်းရှိ ပြည်သူလူထု တစ်ရပ်လုံး အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်ထောင်စုကြီး၏ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းသည် သက်ဆိုင်ရာ လူမျိုးအားလုံးအတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်များကို အပြည့်အ၀ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံအစစ်အမှန် တည်ထောင်ရန်သာရှိသည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

အာဏာရှင်စနစ် လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်အမျိုးမျိုး၏ရန်မှ ကင်းလွတ်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအစစ်အမှန်ကို တည်ထောင်နိုင်ရေး ကြိုးစားအားထုတ်ကြရန် ကရင်အမျိုးသားများ၏ (၇၃)နှစ်မြောက် ခုခံတော်လှန်ရေးနေ့ အခါသမယ၌ တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

KNUသည် နွေဦးတော်လှန်ရေးကာလတွင် ပြည်သူများနှင့်အတူရပ်တည်ကာ အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။