Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုမြို့မရဲစခန်းနှင့် ခမရ (၄၂၈)တပ် တိုက်ခိုက်ခံရ၊ သေဆုံးမှုများနိုင်ဟု KNDF ပြော

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့(ဇန်နဝါရီ ၃၁) ည ၈နာရီဝန်းကျင်က ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့မရဲစခန်းနှင့် ခမရ (၄၂၈)တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း KNDF B-15 က ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့(ဇန်နဝါရီ ၃၁) ည ၈နာရီဝန်းကျင်က ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကရင်နီပြည်နယ်ထဲက ရဲစခန်းတိုင်းမှာ စစ်တပ်က အထိုင်ယူထားတယ်။ အနည်းဆုံး ၂၀ဝန်းကျင်ရှိတယ်။ဒါကြောင့် မနေ့ညက ကျွန်တော်တို့ဝင်တိုက်တာ။သူတို့ ဘက်ကအသေတွေရှိတယ်။အတည်ပြုနေဆဲပဲ”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

နာရီဝက်ကျော်ကြာမြင့်သည့် အဆိုပါတိုက်ပွဲတွင် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု KNDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။