Connect with us

Hi, what are you looking for?

News

ကြားကာလ ဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာ

အတင်းအဓမ္မ အာဏာသိမ်းယူမှုနှင့် ဖိနှိပ်အုပ်ချုပ်မှု အ၀၀ မှန်သမျှ ကို အလိုမရှိသည့်အတွက် ကြားကာလ ဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍အာဏာရှင် စနစ် အမြစ်ပြုတ်သည်အထိ တိုက်ထုတ်သွားမည်ဟုလည်း ဖော်ပြထားသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့ရေးရာ ကိစ္စ အ၀၀ကို လမ်းညွှန်မှု ပေးနိုင်ရန်နှင့် တာဝန်ယူ ဖြေရှင်းပေးနိုင်ရေးအတွက် ကြားကာလ ဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကို ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်ဟု ယင်းအဖွဲ့က ဖေဖော်ဝါရီ ၁ရက်တွင် ထုတ်ပြန်သည်။

ပြည်သူလူထု ဆန္ဒနှင့်ဆန့်ကျင်လျက် စစ်ကောင်စီ မှ အာဏာသိမ်းရန် ကြိုးပမ်းမှု ပြုလုပ်ခဲ့သည်မှာ ယနေ့တွင် တစ်နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ အာဏာသိမ်းရန် ကြိုးပမ်းမှုကို နိုင်ငံတစ်ဝန်းမှ ပြည်သူလူထု တစ်ရပ်လုံးမှ လက်သင့်ခံခြင်းမရှိသကဲ့သို့ ချင်းပြည်ထောင်အတွင်းမှ ပြည်သူများ ဟားခါးမြို့နယ်အတွင်းမှ ပြည်သူများကလည်းလုံး၀ လက်သင့်ခံခြင်းမရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အာဏာသိမ်းမှုအား နည်းလမ်းပေါင်းစုံ အသုံးပြုကာဆန့်ကျင်လျက်ရှိကြပြီး လက်နက်စွဲကိုင် ခုခံသည့်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ပြည်သူများ၏ စည်းလုံးညီညွတ်မှုကြောင့် စစ်ကောင်စီ၏ အာဏာသည် မတည်နိုင်ဘဲ အင်အားချိနဲ့ယိုင်လဲလျက်ရှိကြောင်း ထုတ်ပြန်သည်။

အတင်းအဓမ္မ အာဏာသိမ်းယူမှုနှင့် ဖိနှိပ်အုပ်ချုပ်မှု အ၀၀ မှန်သမျှ ကို အလိုမရှိသည့်အတွက် ကြားကာလ ဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍အာဏာရှင် စနစ် အမြစ်ပြုတ်သည်အထိ တိုက်ထုတ်သွားမည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကြားကာဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို ဆက်လက်ဦးဆောင်သွားမည်ဖြစ်သည့်အပြင် ဖဒက်ဒရယ်ဒီမိုကရေစီ စနစ် တည်ဆောက်ရေးနှင့် ဟားခါးမြို့နယ်အတွင်း လူထု၏ လူမှုစီးပွား ဘ၀ သာယာ၀ပြောရေးနှင့်သက်ဆိုင်သည့်အရေးကိစ္စ အ၀၀ကို တာဝန်ယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး