Connect with us

Hi, what are you looking for?

LuduNwayOo

News

ကြားကာလ ဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာ

အတင်းအဓမ္မ အာဏာသိမ်းယူမှုနှင့် ဖိနှိပ်အုပ်ချုပ်မှု အ၀၀ မှန်သမျှ ကို အလိုမရှိသည့်အတွက် ကြားကာလ ဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍အာဏာရှင် စနစ် အမြစ်ပြုတ်သည်အထိ တိုက်ထုတ်သွားမည်ဟုလည်း ဖော်ပြထားသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့ရေးရာ ကိစ္စ အ၀၀ကို လမ်းညွှန်မှု ပေးနိုင်ရန်နှင့် တာဝန်ယူ ဖြေရှင်းပေးနိုင်ရေးအတွက် ကြားကာလ ဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကို ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်ဟု ယင်းအဖွဲ့က ဖေဖော်ဝါရီ ၁ရက်တွင် ထုတ်ပြန်သည်။

ပြည်သူလူထု ဆန္ဒနှင့်ဆန့်ကျင်လျက် စစ်ကောင်စီ မှ အာဏာသိမ်းရန် ကြိုးပမ်းမှု ပြုလုပ်ခဲ့သည်မှာ ယနေ့တွင် တစ်နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ အာဏာသိမ်းရန် ကြိုးပမ်းမှုကို နိုင်ငံတစ်ဝန်းမှ ပြည်သူလူထု တစ်ရပ်လုံးမှ လက်သင့်ခံခြင်းမရှိသကဲ့သို့ ချင်းပြည်ထောင်အတွင်းမှ ပြည်သူများ ဟားခါးမြို့နယ်အတွင်းမှ ပြည်သူများကလည်းလုံး၀ လက်သင့်ခံခြင်းမရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အာဏာသိမ်းမှုအား နည်းလမ်းပေါင်းစုံ အသုံးပြုကာဆန့်ကျင်လျက်ရှိကြပြီး လက်နက်စွဲကိုင် ခုခံသည့်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ပြည်သူများ၏ စည်းလုံးညီညွတ်မှုကြောင့် စစ်ကောင်စီ၏ အာဏာသည် မတည်နိုင်ဘဲ အင်အားချိနဲ့ယိုင်လဲလျက်ရှိကြောင်း ထုတ်ပြန်သည်။

အတင်းအဓမ္မ အာဏာသိမ်းယူမှုနှင့် ဖိနှိပ်အုပ်ချုပ်မှု အ၀၀ မှန်သမျှ ကို အလိုမရှိသည့်အတွက် ကြားကာလ ဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍အာဏာရှင် စနစ် အမြစ်ပြုတ်သည်အထိ တိုက်ထုတ်သွားမည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကြားကာဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို ဆက်လက်ဦးဆောင်သွားမည်ဖြစ်သည့်အပြင် ဖဒက်ဒရယ်ဒီမိုကရေစီ စနစ် တည်ဆောက်ရေးနှင့် ဟားခါးမြို့နယ်အတွင်း လူထု၏ လူမှုစီးပွား ဘ၀ သာယာ၀ပြောရေးနှင့်သက်ဆိုင်သည့်အရေးကိစ္စ အ၀၀ကို တာဝန်ယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ထန်တလန်မြို့သည် နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ပထမဦးဆုံးမြို့ဖြစ်ပြီး မြို့နယ်အတွင်း ပြည်သူများမှာ အင်တာနက်ကို ၂ နှစ်ကျော် ဝေးကွာနေခြင်းဖြစ်သည်ဟု ၎င်းတို့အဖွဲ့က ထုတ်ပြန်သည်။

သတင်း

ကောလင်းမြို့နယ်တွင် မြို့နယ် အတွင်း CDM ပြု လုပ်သည့် နိုင်ငံ့ဝန်ထမ်းများအပြင် အခြားမြို့နယ်များမှ CDM ပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းဦးရေများစွာ ပြန်လည်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း အသိပေးထုတ်ပြန်သည်။

သတင်း

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။