Connect with us

Hi, what are you looking for?

News

တာချီလိတ်တပ်​ထောက်ခံပွဲ စစ်​ကောင်စီတပ်ပစ်ခတ်၍ နှစ်ဦး​သေ၊​ ဗုံး​ပေါက်ကွဲမှု နှင့်ပစ်ခတ်မှု​ကြောင့်၄၀ခန့်ဒဏ်ရာရ

တာချီလိတ်မြို့တွင် ယနေ့ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲတွင် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်ခတ်သဖြင့်​ တပ်ထောက်ခံပွဲလိုက်ပါလာသူနှစ်ဦးသေဆုံးပြီး လေးဆယ်ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကပြောသည်။

(လမ်း​ပေါ်လဲကျ​နေသူအချို့နှင့် ဓါတ်ရာရသူများကိုလူနာတင်ယာဥ်​ပေါ်တင်​နေစဥ်။ ဓါတ်ပုံ-CJ)

●စစ်​ကောင်စီစိုးမိုး​သောတာချီလိတ်တွင် ဗုံးခွဲခြင်းမှာ စစ်တပ်ကပင်ဖြစ်​နိုင်ကြောင်းမြို့ခံနှင့်​လေ့လာသူများ​ပြော

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအနီး ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်တပ်ထောက်ခံသူများ စုဝေးနေစဥ် ယနေ့( ဖေဖော်ဝါရီလ ၁ ရက်) နေ့လယ် ၁၂ နာရီခန့်ကဗုံးပေါက်ကွဲခဲ့သည်။ ဗုံး​ပေါက်ကွဲပြီး​နောက် လူအချို့ဒဏ်ရာများဖြင့် လဲနေစဥ် လူအုပ်ထဲမှ အရပ်ဝတ်စစ်သားများက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်၍ ထိခိုက်မှုများပြားခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံတစ်ဦးကပြောသည်။

” စစ်တပ်က ကောင်တွေက တပ်ထောက်ခံသူတွေကြားထဲမှာ အရပ်ဝတ်တွေနဲ့ လိုက်လာတာ။ ဗုံးပေါက်ပေါက်ချင်း သေနတ်တွေထုတ်ပြီး ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်တာ။ ဒီညနေအထိ သိရသေလောက် နှစ်ဦးသေတယ်။ လေးဆယ်လောက်ဒဏ်ရာရတယ်” ဟု ၎င်းကဆက်​ပြောသည်။

(လမ်း​ပေါ်လဲကျ​နေသူအချို့နှင့် ဓါတ်ရာရသူများကိုလူနာတင်ယာဥ်​ပေါ်တင်​နေစဥ်။ ဓါတ်ပုံ-CJ)

ယနေ့ နိုင်ငံနှင့်အဝှမ်း အောင်မြင်နေသည့် အသံတိတ်သပိတ်ကို ပုံဖျက်ရန် ကြိုးစားသည့်အနေဖြင့် စစ်တပ်ထောက်ခံပွဲတွင် စစ်ကောင်စီက ဗုံးပြန်ခွဲခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့ကမှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

CDM ဗိုလ်ကြီးလင်းထက်​အောင်ကလည်း”ကျွ​န်တော်သိရသလောက် အကြမ်းဖက်စစ်တပ်ထောက်ခံပွဲလုပ်တဲ့နေရာတွေမှာ တော်လှန်ရေးအင်အားစုတွေက လက်ရှောင်ထားတယ်။တာချီလိတ်ဘက်က လုပ်ရပ်က ဂေါင်းကြီးတို့အချင်းချင်းပြန်လုပ်တာလို့သိရတယ်။နောက်ပြီး တာချီလိတ် မှာ PDF တွေ မရှိလောက်ဘူး။တာချီလိတ်ဆိုတာ စကစ(စစ်​ကောင်စီ)တွေစိုးမိုးတဲ့နေရာ။သေချာပါတယ် ။အချင်းချင်း ပြန်သမတာ သေချာလွန်းပါတယ်”ဟုဗုံး​ဖောက်ခွဲခြင်း မှာ စစ်​ကောင်စီတပ်ကပင်ပြန်လုပ်ခြင်းဖြစ်​ကြောင်း သူ့အမြင်ကို​ရေးသားထားသည်။

စစ်တပ်ထောက်ခံပွဲသို့ ရောက်လာသူများမှာတောင်ပေါ်ဒေသရှိ အာခါ၊ လားဟူ တိုင်းရင်းသားများဖြစ်ပြီး အများစုသည် သက်ကြီးရွယ်အိုများဖြစ်သည်။ နေ့စားခပေး၍ တောင်ပေါ်မှ ခေါ်လာခြင်းခံရပြီး စစ်တပ်ထောက်ခံပွဲကို ဘုမသိဘမသိလိုက်ပါလာသူများဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။