Connect with us

Hi, what are you looking for?

News

အာဏာရှင်ဆန့်ကျင်ကြောင်းပြသသည်ဆိုကာ စစ်ကောင်စီထောက်တိုင် လေးနေရာကို တိုက်ခိုက်ခဲ့ဟု ACPLF အသိပေး

တိုက်ခိုက်မှုများကို ဥက္ကံမြို့နယ်တွင် နှစ်ကြိမ်၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် တစ်ကြိမ်နှင့် တောင်မြောက်လမ်းဆုံ အနီးတွင် တစ်ကြိမ် အသီးသီးပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ယနေ့တွင် ရန်ကုန်မြို့နေသူများအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူများက အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် အသံတိတ်သပိတ်ဆင်နွှဲနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် စစ်ကောင်စီထောက်တိုင်များအား နေရာလေးနေရာတွင် တိုက်ခိုက်ခဲ့ကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ACPLF)က ယနေ့(ဖေဖော်ဝါရီ ၁) အသိပေးထုတ်ပြန်သည်။

တိုက်ခိုက်မှုများကို ဥက္ကံမြို့နယ်တွင် နှစ်ကြိမ်၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် တစ်ကြိမ်နှင့် တောင်မြောက်လမ်းဆုံ အနီးတွင် တစ်ကြိမ် အသီးသီးပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့နံနက်ပိုင်းက ဥက္ကမြို့တွင် စစ်ကောင်စီက ကျင်းပသည့် ပျော်ပွဲရွှင်ပွဲနေရာအနီး လုံခြုံရေးချထားသည့် နေရာနှင့် အဆိုပါပွဲသို့လာသော နယ်မြေခံတပ်မှူးစီးနင်းလာသည့်ကားအား ရန်ကုန်-ပြည်လမ်း ကံကုန်းကျေးရွာ အနီး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီနယ်မြေခံတပ်မှူးစီးသည့်ကားအား ဖောက်ခွဲတိုက်ခိုက်ရာတွင် လမ်းသွားလမ်းလာပြည်သူများ ရောနှောပါနေသဖြင့် အရပ်သားများကို ငဲ့ညှာရင်း ထိရောက်စွာ မတိုက်ခိုက်နိုင်ခဲ့ကြောင်း ACPLF က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဥက္ကံမြို့မှပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်စခန်းချရာနေရာများ၊ စီးနင်းအသုံးပြုသည့် ယာဥ်များနှင့်ဝေးဝေးနေရန်အထူးမေတ္တာ ရပ်ခံလိုပါသည်”ဟု ACPLF က မေတ္တာရပ်ခံသည်။

ထို့အပြင် ဒဂုံမြို့သစ်တောင်ပိုင်းတိုက်ခိုက်မှုတွင် မြို့နယ်စည်ပင်ရုံးကို နံနက် ၉ နာရီခွဲခန့်တွင်လည်းကောင်း၊ တောင်မြောက်လမ်းဆုံရှိ ရဲလိုင်းခန်းအနီးတိုက်ခိုက်မှုကို ယနေ့ညနေ ၄ နာရီခန့်တွင်လည်းကောင်း အသီးသီးတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး သေဆုံးမှုရှိ၊မရှိ မသိရသေးဟု ACPLF က ထုတ်ပြန်ထားသည်။

(ယနေ့တွင် ရန်ကုန်မြို့နေသူများအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူများက အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် အသံတိတ်သပိတ်ဆင်နွှဲနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook