Connect with us

Hi, what are you looking for?

News

ဖားကန့်သပိတ်ကို စစ်​ကောင်စီတပ် ​ကား​ပေါ်မှခြောက်လှန့်ပစ်ခတ်ပြီး ထွက်​ပြေး

“မနက်ဆယ်နာရီလောက်မှာ လာပစ်တာ။ မိုးပေါ်ကို ထောင်ပစ်သွားလားမသိဘူး။ တစ်ယောက်မှဒဏ်ရာမရဘူး။ ဒီကောင်တွေအထက်က ခိုင်းလို့သာ လာပစ်သွားတာနေမယ်။ပစ်ပြီးထွက်ပြေးတာ တန်းနေတာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

(ဖားကန့်ပင်မသပိတ်စစ်​ကြောင်း စစ်​အာဏာရှင်ဖြုတ်ချ​ရေးယ​နေ့ဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-ဖားကန့်ပင်မသပိတ်စစ်​ကြောင်း)

ဖားကန့်တွင် ယနေ့နံနက်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်စစ်​ကြောင်းကို အရပ်ဝတ် ဝတ်ထား​သောစစ်ကောင်စီတပ်သားအချို့က အိမ်စီးကားတစ်စီးပေါ်မှ ​သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားသည်။

“မနက်ဆယ်နာရီလောက်မှာ လာပစ်တာ။ မိုးပေါ်ကို ထောင်ပစ်သွားလားမသိဘူး။ တစ်ယောက်မှဒဏ်ရာမရဘူး။ ဒီကောင်တွေအထက်က ခိုင်းလို့သာ လာပစ်သွားတာနေမယ်။ပစ်ပြီးထွက်ပြေးတာ တန်းနေတာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

(ဖားကန့်ပင်မသပိတ်စစ်​ကြောင်း စစ်​အာဏာရှင်ဖြုတ်ချ​ရေးယ​နေ့ဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-ဖားကန့်ပင်မသပိတ်စစ်​ကြောင်း)

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် တစ်ဦးမျှ ထိခိုက်မှုမရှိခဲ့ပေ။ ဖားကန်မြို့သပိတ်စစ်​ကြောင်းသည် ယ​နေ့တွင် လုံခင်းကျေးရွာမှ ကချင်ရပ်ကွက်တစ်ခုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ် ပြုလုပ်ခြင်းဖြစ်သည်။

” သပိတ်ကို လာတားချင်တာလားမသိဘူး။ သူတို့က အဲ့လိုခြောက်ပေမယ့် သပိတ်က မရပ်ဘူး။ နောက်ရပ်ကွက်တစ်ခုမှာပြောင်းပြီးလုပ်ခဲ့တယ်” ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို​နေ့စဥ်ပြုလုပ်​နေခြင်းဖြစ်သည်။

(ဖားကန့်ပင်မသပိတ်စစ်​ကြောင်း စစ်​အာဏာရှင်ဖြုတ်ချ​ရေးယ​နေ့ဆန္ဒပြ​နေစဥ်။ ဓါတ်ပုံ-ဖားကန့်ပင်မသပိတ်စစ်​ကြောင်း)

အသံတိတ်သပိတ်ပြုလုပ်သည့် ဖေဖော်ဝါရီ ၁ ရက်ကလည်း ဖားကန့်တွင် တစ်ရက်တည်း ပေါက်ကွဲမှု ငါး ကြိမ်ဖြစ်ခဲ့သည်။ ပေါက်ကွဲမှုများသည် စစ်ကောင်စီလက်အောက်ခံ ရုံးဌာနများအနီးတွင် ဖြစ်ခဲ့ပြီးဖားကန့်မြို့နယ် ထွေအုပ်ရုံးပေါက်ကွဲမှုတွင် ကားတစ်စီးပျက်စီးခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ဖားကန့်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA) တို့ကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။