Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလအထူးကိုယ်စားလှယ် မြေပြင်အခြေအနေကို မသိရှိဘဲ မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် လိုအပ်ဟု လေ့လာသူများတိုက်တွန်း

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ဇန်နဝါရီ ၃၁ ရက်တွင် စင်ကာပူအခြေစိုက် CNA သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ရာတွင် မြန်မာ့အရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို ချန်ထားခဲ့၍မရဘဲ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန်လိုအပ်ကြောင်း ထည့် သွင်းဖြေကြားသည်။

အကြမ်းဖက်စစ်တပ်နှင့်တွေ့ဆုံဆွေးနွေးကာ အာဏာခွဲဝေမှုအလားအလာကို အထူးကိုယ်စားလှယ်ထည့်သွင်းပြောကြားသဖြင့် ပြင်းထန်စွာဝေဖန်ခံရ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ် နိုလင်း​ဟေဇာသည် မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေကို မသိရှိကြောင်းနှင့် မြန်မာပြည်သူများ၏ အသံကို နားထောင်ရန်လိုအပ်ကြောင်း မြန်မာ့အရေးလေ့လာသူအချို့က တိုက်တွန်းသည်။

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ဇန်နဝါရီ ၃၁ ရက်တွင် စင်ကာပူအခြေစိုက် CNA သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ရာတွင် မြန်မာ့အရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို ချန်ထားခဲ့၍မရဘဲ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန်လိုအပ်ကြောင်း ထည့် သွင်းဖြေကြားသည်။

ထို့အပြင် မြန်မာစစ်တပ်သည် လက်ရှိတွင် နိုင်ငံကို ထိန်းချုပ်ထားနိုင်ပြီဟုလည်း အထူးကိုယ်စား လှယ်နိုလင်းဟေဇာက CNA ကို မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

“လူငယ်အများအပြား အထူးသဖြင့် လူငယ်တွေဟာ အလုံးစုံနိုင်ငံရေးပြောင်းလဲမှုတစ်ခုအတွက် တိုက်ခိုက်ရင်း သေဆုံးချင်နေကြတာ ကျွန်မသိတယ်။ ဘယ်နိုင်ငံရေးပြောင်းလဲမှုမဆို ဖြစ်စဉ်နဲ့ သွားရပြီး နေ့ချင်းညချင်းဖြစ်လာတာမဟုတ်ပါဘူး။ ဒါကြောင့် လူငယ်တွေကို ဆက်လက်ရှင် သန်စေချင်တယ်။ မသေစေချင်ဘူး။ နောက်ပြီး ရေရှည်ကာလမှာ ဖြစ်ကောင်းဖြစ်လာနိုင်တဲ့ အာဏာခွဲဝေမှုအတွက် သူတို့(လူငယ်တွေ) ညှိနှိုင်းဆွေးနွေးဖို့လိုတယ်။ သူတို့ဟာ စားပွဲဝိုင်းမှာ ရှိ ရမှာပါ” ဟု နိုလင်းဟေဇာက CNA ကို ပြောသည်။

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ အထက်ပါပြောကြားမှုများသည် မှားယွင်းကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင်ပြုလုပ်ခဲ့သော အသံတိတ်သပိတ်က ရှင်းလင်းစွာ
သက်သေပြနေကြောင်း မြန်မာ့အရေးလေ့လာသူ အီဂေါဘလာဇီဗစ်က ပြောသည်။

“သံအမတ်ကြီး နိုလင်းဟေဇာခင်ဗျား ပြည်သူတွေရဲ့ အသံကို နားထောင်လိုက်စမ်းပါ။ စစ်တပ်ဟာ မြန်မာပြည်ကိုထိန်းချုပ်မထားနိုင်ဘူး။ စစ်တပ်ဟာ ပြည်သူကို သတ်နေတယ်။ ထောင်သောင်းချီ ဖမ်းဆီးနေတယ်။ အချုပ်ခန်းတွေထဲမှာ ပြည်သူကို ညှင်းပန်းနှိပ်စက်နေတယ်။ မြို့တွေရွာတွေကို မီးတင်ရှို့တယ်။ ပြည်သူ့ကို အိုးအိမ်နေရပ်တွေကနေ စွန့်ခွါအောင်လုပ်နေပြီး ပြည်သူ့ဥစ္စာပစ္စည်းတွေကို ဖျက်စီးပစ်နေတယ်။ စစ်တပ်ဟာ ရာဇဝတ်မှုကျူးလွန်နေတယ်။ စစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်နှိပ်ကွပ်တဲ့ ပြစ်မှုကြီးကျူးလွန်နေတယ်။ စစ်တပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတယ်။ စစ်တပ်ဟာ လူမျိုးစု သုတ်သင်ရှင်းလင်းမှု လုပ်နေတယ်။ သူတို့ဟာ ဒီပြစ်မှုတွေကိုနေ့စဉ်နဲ့ အမျှကျူးလွန်နေတယ်။ ဒီလိုဆိုးဝါးရက်စက်မှုတွေ နေ့စဉ်ရက်ဆက် လုပ်နေတာက စစ်တပ်ဟာ နိုင်ငံကို မထိန်းချုပ်နိုင်လို့ ဆိုတာ သေချာရှင်းလင်းနေတာပဲ” ဟု အီဂေါက သူ၏ ​ဖေစ်ဘွခ်တွင်​ရေးသားသည်။

ဆက်လက်ပြီး ၎င်းက “စစ်အာဏာရှင်က နိုင်ငံကို ထိန်းချုပ်ထားပြီလို့ ပြောတာဟာ ကြီးလွန်းတဲ့ နာကျင်မှုကို သယ်ပိုးထားရတဲ့ ပြည်သူကို ထပ်ပြီး အနာတရဖြစ်အောင် လုပ်လိုက်တာပါ မစ္စသံတမန်ကြီးခင်ဗျား” ဟုလည်းဆက်​ပြောသည်။

ကုလအထူးကိုယ်စားလှယ်၏ ​CNA ကို ဖြေကြားမှုအပေါ် ဥရောပဆိုင်ရာကရင်အဖွဲ့အစည်း(European Karen Network)က ငြင်းပယ်ကန့်ကွက်ခဲ့ပြီး မြန်မာစစ်တပ်က နိုင်ငံရှိ ပြဿနာများ၏ အကြောင်းရင်းခံဖြစ်သည်ကို ကုလအထူးကိုယ်စားလှယ်က အမှန်တကယ်နားမလည်ကြောင်း ထောက်ပြဝေဖန်သည်။

“ဗမာစစ်တပ်ဟာ ကရင်လူမျိုးတွေကို နှစ် ၇၀ ကျော်တိုက်ခိုက်ခဲ့တယ်။ အပြည်ပြည်ဆိုင်ရာဥပဒေတွေနဲ့ ဆန့်ကျင်တဲ့၊ မရေမတွက်နိုင်တဲ့ ချိုးဖောက်မှုတွေကို ကျွန်မတို့တွေအပေါ် ကျူးလွန်ခဲ့ တယ်။ ညှင်းပန်းဖိနှိပ်သူတွေ အာဏာဆက်ရှိရေး နည်းလမ်းရှာဖွေပေးတာက ကုလအထူးကိုယ် စားလှယ်ရဲ့ အလုပ်မဟုတ်ပါဘူး” ဟု European Karen Network ဥက္ကဌ နန်းကြည်အေးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

မြို့သိမ်းတိုက်ပွဲကို CNA၏ စစ်ဦးစီးချုပ် ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိခဲ့သည်။

သတင်း

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

မေးမြန်းခန်း

ချင်းပြည်နယ်အတွင်း ပထမဆုံး မြို့သိမ်းတိုက်ပွဲ အောင်မြင်မှု ဖြစ်တဲ့ ရိဒ်ခေါဒါရ်တိုက်ပွဲနဲ့ပတ်သက်ပီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ကိုနိုဝင်ဘာ ၁၄ ရက်မှာPeople's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။