Connect with us

Hi, what are you looking for?

LuduNwayOo

News

မတူပီမှလာသည့်စစ်​ကောင်စီတပ်ယာဉ်တန်းကိုမင်းတပ် CDF တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ၆ ဦး​သေဟုထုန်ပြန်

မတူပီမှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၃ရက် နေ့လည် ၂နာရီခန့်က မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မတူပီ – မင်းတပ် လမ်းပေါ်တွင် စစ်ကောင်စီတပ်ကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထပ်မံချုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှု များနိုင်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က သတင်းထုတ်ပြန်သည်။

မတူပီမှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၃ရက် နေ့လည် ၂နာရီခန့်က မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ အထိအခိုက်များနိုင်ပြီး CDF ရဲဘော်တစ်ဦးမစိုးရိမ်ရ​သော ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီယာဉ်တန်းသည် မိုင်တိုင် ၂၃ ၌ ရောက်ရှိနေပြီး ညအိပ်မည်ဟု ယူဆကြောင်း ထုတ်ပြန်သည်။

Public Service Announcement

ဖေဖော်ဝါရီ ၂ရက်ကလည်း အဆိုပါ ယာဉ်တန်းကို မိုင်တိုင် ၃၂နှင့် ၃၀ တို့တွင် တိုက်ခိုက်ခဲ့ရ စစ်ကောင်စီ တပ်မှ ၆ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း၊ စစ်ကောင်စီထံမှ လက်နက်ငယ် တစ်လက် သိမ်းယူရရှိခဲ့ကြောင်း မင်းတပ်ပအဖက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

CDF(မင်းတပ်)ကလည်းယမန်နေ့တိုက်ပွဲတွင်စစ်ကောင်စီဘက်က ၆ဦးထက်မနည်းသေဆုံးပြီး ထိခိုက်သူအလွန်များပြားသည်ဟု ဆိုသည်။ စစ်ကောင်စီထံမှ MA 3 သေနတ် တစ်လက်ကိုပါ CDF-MINDATက သိမ်းယူနိုင်ခဲ့​ကြောင်း​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။