Connect with us

Hi, what are you looking for?

News

မတူပီမှလာသည့်စစ်​ကောင်စီတပ်ယာဉ်တန်းကိုမင်းတပ် CDF တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ၆ ဦး​သေဟုထုန်ပြန်

မတူပီမှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၃ရက် နေ့လည် ၂နာရီခန့်က မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မတူပီ – မင်းတပ် လမ်းပေါ်တွင် စစ်ကောင်စီတပ်ကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထပ်မံချုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှု များနိုင်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က သတင်းထုတ်ပြန်သည်။

မတူပီမှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၃ရက် နေ့လည် ၂နာရီခန့်က မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ အထိအခိုက်များနိုင်ပြီး CDF ရဲဘော်တစ်ဦးမစိုးရိမ်ရ​သော ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီယာဉ်တန်းသည် မိုင်တိုင် ၂၃ ၌ ရောက်ရှိနေပြီး ညအိပ်မည်ဟု ယူဆကြောင်း ထုတ်ပြန်သည်။

Public Service Announcement

ဖေဖော်ဝါရီ ၂ရက်ကလည်း အဆိုပါ ယာဉ်တန်းကို မိုင်တိုင် ၃၂နှင့် ၃၀ တို့တွင် တိုက်ခိုက်ခဲ့ရ စစ်ကောင်စီ တပ်မှ ၆ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း၊ စစ်ကောင်စီထံမှ လက်နက်ငယ် တစ်လက် သိမ်းယူရရှိခဲ့ကြောင်း မင်းတပ်ပအဖက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

CDF(မင်းတပ်)ကလည်းယမန်နေ့တိုက်ပွဲတွင်စစ်ကောင်စီဘက်က ၆ဦးထက်မနည်းသေဆုံးပြီး ထိခိုက်သူအလွန်များပြားသည်ဟု ဆိုသည်။ စစ်ကောင်စီထံမှ MA 3 သေနတ် တစ်လက်ကိုပါ CDF-MINDATက သိမ်းယူနိုင်ခဲ့​ကြောင်း​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။