Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ဝင်စီး၍ ကန့်ဘလူနယ် ကိုးတောင်ဘို့ ကျေးရွာအုပ်စုရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ကိုးတောင်ဘို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကလည်း အရေးကြီးအခြေအနေ ရောက်နေပြီဖြစ်၍ ကျေးရွာအုပ်စုအတွင်းမှ အမြန်ဆုံးထွက်ခွာရန် ရွာသူရွာသားများကို ယမန်နေ့ကတည်းက သတိပေးထားသည်။

(ကိုး​တောင်ဘို့​ကျေးရွာတွင် ​ဖေ​ဖော်ဝါရီ ၁ ရက်က တစ်ရွာလုံးအသံတိတ်သပိတ်ဆင်နွှဲခဲ့သည်။ဓါတ်ပုံ-CJ)

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ ကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းလာ၍ ရွာသူရွာသားများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ​ပြောသည်။

အဆိုပါ ဒေသသို့ ဖေဖော်ဝါရီ ၂ရက်ကတည်းက စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ဝင်ရောက်လာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

“အရှေ့တောင်ရိုး အနောက် ဒေါင်းမြူးဘက်ထိ ဝင်မွှေနေပါတယ်။ လျှော်ဖြူကုန်း ကိုင်းမ၊ ကျွန်းကုန်း၊ ကွက်သစ် ၊ ပေါက်ကုန်း၊ ပိတောက်ခုံ၊ ကိုးတောင်ဘို့ ရွာမ စစ်ဘေးရှောင်နေကြရပါတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

ဖေဖော်ဝါရီ ၂ရက်ညပိုင်းတွင် ကိုးတောင်ဘို့ရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများက ယနေ့ ဖေဖော်ဝါရီ ၃ရက် နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်း လှည့်လည်၍ ရပ်ကွက်အတွင်း ကျန်ရှိနေသော ရွာသူရွာသား ၂၀ကျော်ကို ဖမ်းဆီးကာ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း Kotaungbo Revolution က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ကိုး​တောင်ဘို့​ကျေးရွာတွင် ​ဖေ​ဖော်ဝါရီ ၁ ရက်က တစ်ရွာလုံးအသံတိတ်သပိတ်ဆင်နွှဲခဲ့သည်။ဓါတ်ပုံ-CJ)

ညနေ ၄နာရီခန့်တွင် ကျေးရွာဘုန်းကြီးကျောင်း တွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်က ​ကျောင်းအ၀မှ ကျေးရွာများဘက်သို့ သေနတ်များ ပစ်ဖောက်ခဲ့သည်။

ကိုးတောင်ဘို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကလည်း အရေးကြီးအခြေအနေ ရောက်နေပြီဖြစ်၍ ကျေးရွာအုပ်စုအတွင်းမှ အမြန်ဆုံးထွက်ခွာရန် ရွာသူရွာသားများကို ယမန်နေ့ကတည်းက သတိပေးထားသည်။

(ကိုး​တောင်ဘို့​ကျေးရွာတွင် ​ဖေ​ဖော်ဝါရီ ၁ ရက်က တစ်ရွာလုံးအသံတိတ်သပိတ်ဆင်နွှဲခဲ့သည်။ဓါတ်ပုံ-CJ)

ကိုးတောင်ဘို့ရွာသည် ဖေဖော်ဝါရီ ၁ရက်က တစ်နိုင်ငံလုံး အတိုင်းအတာ ပြုလုပ်ခဲ့သည့် အသံတိတ် သပိတ်တွင် စျေးဆိုင်များ ပိတ်ကာ ပါဝင်ခဲ့သည့် ရွာတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။