Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ဝင်စီး၍ ကန့်ဘလူနယ် ကိုးတောင်ဘို့ ကျေးရွာအုပ်စုရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ကိုးတောင်ဘို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကလည်း အရေးကြီးအခြေအနေ ရောက်နေပြီဖြစ်၍ ကျေးရွာအုပ်စုအတွင်းမှ အမြန်ဆုံးထွက်ခွာရန် ရွာသူရွာသားများကို ယမန်နေ့ကတည်းက သတိပေးထားသည်။

(ကိုး​တောင်ဘို့​ကျေးရွာတွင် ​ဖေ​ဖော်ဝါရီ ၁ ရက်က တစ်ရွာလုံးအသံတိတ်သပိတ်ဆင်နွှဲခဲ့သည်။ဓါတ်ပုံ-CJ)

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ ကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းလာ၍ ရွာသူရွာသားများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ​ပြောသည်။

အဆိုပါ ဒေသသို့ ဖေဖော်ဝါရီ ၂ရက်ကတည်းက စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ဝင်ရောက်လာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

“အရှေ့တောင်ရိုး အနောက် ဒေါင်းမြူးဘက်ထိ ဝင်မွှေနေပါတယ်။ လျှော်ဖြူကုန်း ကိုင်းမ၊ ကျွန်းကုန်း၊ ကွက်သစ် ၊ ပေါက်ကုန်း၊ ပိတောက်ခုံ၊ ကိုးတောင်ဘို့ ရွာမ စစ်ဘေးရှောင်နေကြရပါတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

ဖေဖော်ဝါရီ ၂ရက်ညပိုင်းတွင် ကိုးတောင်ဘို့ရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများက ယနေ့ ဖေဖော်ဝါရီ ၃ရက် နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်း လှည့်လည်၍ ရပ်ကွက်အတွင်း ကျန်ရှိနေသော ရွာသူရွာသား ၂၀ကျော်ကို ဖမ်းဆီးကာ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း Kotaungbo Revolution က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ကိုး​တောင်ဘို့​ကျေးရွာတွင် ​ဖေ​ဖော်ဝါရီ ၁ ရက်က တစ်ရွာလုံးအသံတိတ်သပိတ်ဆင်နွှဲခဲ့သည်။ဓါတ်ပုံ-CJ)

ညနေ ၄နာရီခန့်တွင် ကျေးရွာဘုန်းကြီးကျောင်း တွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်က ​ကျောင်းအ၀မှ ကျေးရွာများဘက်သို့ သေနတ်များ ပစ်ဖောက်ခဲ့သည်။

ကိုးတောင်ဘို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကလည်း အရေးကြီးအခြေအနေ ရောက်နေပြီဖြစ်၍ ကျေးရွာအုပ်စုအတွင်းမှ အမြန်ဆုံးထွက်ခွာရန် ရွာသူရွာသားများကို ယမန်နေ့ကတည်းက သတိပေးထားသည်။

(ကိုး​တောင်ဘို့​ကျေးရွာတွင် ​ဖေ​ဖော်ဝါရီ ၁ ရက်က တစ်ရွာလုံးအသံတိတ်သပိတ်ဆင်နွှဲခဲ့သည်။ဓါတ်ပုံ-CJ)

ကိုးတောင်ဘို့ရွာသည် ဖေဖော်ဝါရီ ၁ရက်က တစ်နိုင်ငံလုံး အတိုင်းအတာ ပြုလုပ်ခဲ့သည့် အသံတိတ် သပိတ်တွင် စျေးဆိုင်များ ပိတ်ကာ ပါဝင်ခဲ့သည့် ရွာတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။