Connect with us

Hi, what are you looking for?

News

မော်ဟန်ရဲစခန်းမှူးဖြစ်ရေးသိန်းသုံးရာအထိ ပေါက်စျေးရှိ

မော်ဟန်နယ်မြေရဲစခန်းသည် မြစ်ကြီးနား- မန္တလေး ကားလမ်းပေါ်တွင် တည်ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူထုထံမှ ငွေတောင်းကြမ်းသည်ဟု နာမည်ကြီးသည့် စခန်းဖြစ်သည်။

လူထုအား ဒုက္ခပေးနေသည့် ရဲစခန်းများအား ဆက်လက်တိုက်ခိုက်မည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များထုတ်ပြန်

KIA နှင့် PDF က ယမန်နေ့နံနက်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မိုးညှင်းမြို့နယ်မှ မောဟန်နယ်မြေရဲစခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ဂွင်ကောင်းသည့် စခန်းဖြစ်ပြီးစခန်းမှုးဖြစ်ရေးအတွက် သိန်းသုံးရာအထိ ပေါက်စျေးရှိသည့်နေရာဖြစ်ကြောင်း မိုးညှင်းပြည်သူ့ကာကွယ်
ရေးအဖွဲ့များကထုတ်ပြန်သည်။

“မော်ဟန်ရဲစခန်းမှာကျဖို့အတွက်တောင်သိန်းသုံးရာအထက်မှာ ပေါက်စျေးရှိတယ်။ဂွင်ကောင်းတာကိုး။ စကစ လက်ပါးစေတွေဟာ အာဏာသိမ်းတာကို အကြီးအကျယ်ထောက်ခံနေတယ်ဆိုတာ လပိုင်းအတွင်း သိန်း ထောင် သောင်းချီ ချမ်းသာနိုင်တဲ့အခွင့်အရေး ရှိတာကိုး” ဟု မိုးညှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာMoehnyin Revolution Forceက ဖော်ပြထားသည်။

မော်ဟန်နယ်မြေရဲစခန်းသည် မြစ်ကြီးနား- မန္တလေး ကားလမ်းပေါ်တွင် တည်ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူထုထံမှ ငွေတောင်းကြမ်းသည်ဟု နာမည်ကြီးသည့် စခန်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ကေအိုင်​အေနှင့် PDF ပူးပေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဖေဖော်ဝါရီ ၃ရက်)နံနက် လေးနာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူး နှင့် တပ်ကြပ် တစ်ဦး သေဆုံးခဲ့သည်။လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်။

ဒေသတွင်းရှိ စစ်ကောင်စီဒေါက်တိုင် ရဲစခန်းများ၊ စစ်ဆေးရေးဂိတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံ သတိပေးထားသည်။

“ခွေးမျိုးတွေက သူတို့နောက်ဆုံးအချိန်ထိ လမ်းပေါ် တင်မက နေရာအနှံ့ တရားဝင် ဓါးမြတိုက်စားခွင့်ရနေတာပါ။ဟုလာမယ်။လာမယ်”ဟု Moehnyin Revolution Force က ရေးသားထားသည်။

ကချင်ပြည်နယ်တွင် ​ကေအိုင်​အေနှင့် PDFက လက်တွဲညီစွာဖြင့် စစ်ကောင်စီအားတိုက်ပွဲဝင်နေပြီး ဖေ​ဖော်ဝါရီ၁ ရက်​မှ ဖေဖော်ဝါရီ ၃ရက်အတွင်း စစ်​ကောင်စီ တပ်စခန်းသုံးခုကို ​ တိုက်ခိုက် သိမ်းယူပြီး မီးရှို့ဖျက်ဆီး​ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။