Connect with us

Hi, what are you looking for?

LuduNwayOo

News

ငွေတုသယ်လာသူနှင့်ကားကို PDF ဖမ်းဆီး

“မနေ့က ၁၂ လောက်က မိတာ။ပါဆယ် ယူမှာက ဂန့်ဂေါဘက်က။လောလောဆယ် စစ်ဆေးဆဲ အခြေအနေမို့ နောက်ဆက်တွဲတော့မသိရသေးဘူး”ဟု ပုလဲ ပ.က.ဖ အဖွဲ့ဝင် ဗိုလ်ပုလဲ က လူထုနွေဦးသို့ ပြောသည်။

ငွေတုများ သယ်ဆောင်လာသည့် ယာဥ်နှင့် လူပုဂ္ဂိုလ်သုံးဦးအား ဖမ်းဆီးရမိကြောင်း စစ်ကိုင်း တိုင်း၊ပုလဲ မြို့နယ် အခြေစိုက် Royal Eagle တပ်ဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၃ ရက် နေ့လည် ခန့်ကHighClass Express ယာဥ်အားမသက်ာ သဖြင့် တားဆီးစစ်ဆေးစဥ် တစ်သောင်းကျပ်တန် ငွေစက္ကူအတု အရွက် ငါးဆယ်ကို တွေ့ရှိခဲ့သည်။

ထို့အပြင် ငွေစက္ကူအတုများထုတ်လုပ်ရန်ရည် ရွယ်ချက်ဖြင့် သယ်ဆောင်လာသော မိတ္တူစက်များကိုလည်း ယာဥ်ပေါ်မှ ထပ်မံသိမ်းဆည်းရမိကြောင်းလည်းသိရသည်။

“မနေ့က ၁၂ လောက်က မိတာ။ပါဆယ် ယူမှာက ဂန့်ဂေါဘက်က။လောလောဆယ် စစ်ဆေးဆဲ အခြေအနေမို့ နောက်ဆက်တွဲတော့မသိရသေးဘူး”ဟု ပုလဲ ပ.က.ဖ အဖွဲ့ဝင် ဗိုလ်ပုလဲ က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်အတွက် ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)လက်​အာက်ခံ Royal Eagle တပ်ရင်း ၊ (ပုံတောင်တိုက်ဂါး Royal Eagle တပ်ခွဲ ၂) နှင့်​(ပုလဲနယ်တောင်ပေါ် ပုဏ္ဏက Royal Eagle တပ်ခွဲ ၃)တို့ကထပ်မံစစ်ဆေးမေးမြန်းပြီးနောက် ထိုသံသယဖြစ်ဖွယ်တရားခံသုံးဦး၊Expressကား၊မိတ္တူစက်များနှင့်Expressအတွင်းပါလာသောအခြားပစ္စည်းများအား လွတ်မြောက်နယ်မြေသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။