Connect with us

Hi, what are you looking for?

News

PPDFက ပခုက္ကူအင်းဝဘဏ်အ​စောင့်စစ်​ကောင်စီတပ်သားများကို တိုက်ခိုက်စစ်ကောင်စီတပ်သား ၂ဦး​သေ၊ ၃ ဦးဒဏ်ရာရ

အင်းဝဘဏ် လုံခြုံရေးအဖွဲ့ကိုယနေ့(ဖေဖော်ဝါရီ ၄ရက်) ည ​နေ ၆ နာရီခွဲ​ကျော်တွင် တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အဖွဲ့ဝင်တစ်ဦးကပြောသည်။

ပခုက္ကူမြို့ရှိ အင်းဝဘဏ်စောင့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ည တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့​ကြောင်း ပခုက္ကူပြည်သူ့ကာကွယ်​ရေးအဖွဲ့ (PPDF)က သတင်းထုတ်ပြန်သည်။

အင်းဝဘဏ် လုံခြုံရေးအဖွဲ့ကိုယနေ့(ဖေဖော်ဝါရီ ၄ရက်) ည ​နေ ၆ နာရီခွဲ​ကျော်တွင် တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အဖွဲ့ဝင်တစ်ဦးကပြောသည်။

“အခုတိုက်ခဲ့တဲ့နေရာမှာဝတ်စုံအပြည့်နဲ့ငါးယောက်ရယ်။အရပ်ဝတ်နဲ့ လေးယောက်လောက် စုစုပေါင်းကိုးဦး လောက်ရှိတယ်။ဗုံးနဲ့ပစ်ဖို့ သွားခဲ့ပေမယ့် အခြေအနေမပေးတဲ့အတွက်သေနတ်အတိုနှစ်လက်ကို အသုံးပြုတိုက်ခိုက်ခဲ့တာ”ဟု PPDF ရဲဘော်တစ်ဦးက လူထုနွေဦးသို့ပြောသည်။

စစ်ကောင်စီတပ်သားများက ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်တွင် ထိခိုက်သူမရှိခဲ့ဟု၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“မိမိတို့၀င်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အာဏာမတရားသိမ်းပိုက်ပြီးချိန်မှစ၍ ပြည်သူလူထု၏ စိတ်နှလုံးအား ညှိုးငယ်စေရန်အစဉ်တစိုက်နှိပ်စက်ညှင်းဆဲလျက်ရှိသော အာဏာလုစစ်တပ်၏ လက်ပါးစေ အသိဉာဏ်မဲ့ အကြမ်းဖက်စစ်သား (၂)ဦး ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံးကာ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရပြီး၊ မိမိတို့ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်” ဟု PPDF ကထုတ်ပြန်သည်။

တိုက်ခိုက်ခံရပြီး​နောက် စစ်​ကောင်စီတပ်သည် မြို့ပေါ်ရှိ နေရာအချို့၌ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခြင်း၊ အပြစ်မဲ့ပြည်သူအားနည်းအမျိုးမျိုးဖြင့် နှိပ်စက်ညှင်းပန်းခြင်းများ ဆောင်ရွက်နိုင်ဖွယ်ရှိသဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန် မေတ္တာရပ်ခံ အပ်ပါသည်ဟု PPDF အဖွဲ့ခေါင်းဆောင်ကိုယ်စားသတင်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံကသတင်းထုတ်ပြန်သည်။

“အပြန်အလှန်ပစ်တယ်ပေါ့။ မြို့ခံတွေထိခိုက်တာတော့ဘာမှမကြားဘူး” ဟု ပခုက္ကူမြို့ခံတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီအား တိုက်စစ်ဖွင့်မည်ဟု ကြေငြာထားသည့် ပခုက္ကူ နှင့်​ပေါက် အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပခုက္ကူ-‌ပေါက် ကားလမ်းမဘေးရှိသစ်တောရဲကင်းစခန်းအား ယနေ့နံနက်ပိုင်းက မီးရှို့ဖျက်ဆီခဲ့သေးသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ရဲများ၊ ပျူစောထီးများနှင့် အနီးကပ်နေထိုင်ခြင်းမပြုလုပ်ကြရန်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။