Connect with us

Hi, what are you looking for?

News

က​လေးမြို့တွင်တိုက်ပွဲဖြစ်​နေ၊ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများတစ်မြို့လုံးကြား​နေရ

“လက်နက်ကြီးတွေ ပစ်နေတဲ့ အကြိမ်အရေအတွက်အရဆိုရင် စစ်တပ်ကလူတွေ အထိနာနေပြီဆိုတာတွက်လို့ရပါတယ်။တမြို့လုံးကတော့ စစ်ပွဲထဲကို ရောက်နေတဲ့အတိုင်းဘဲ”ဟု အခြားကလေးမြို့ခံတစ်ဦးကလည်းပြောသည်။

(က​လေးမြို့တွင် ​ဖော်​ဖော်ဝါရီ ၁ ရက်က အသံတိတ်သပိတ်ကို တစ်မြို့လုံးပါဝင်ဆင်နွှဲခဲ့သည်။ ဓါတ်ပုံ-CJ)

ကလေးမြို့တွင် ယနေ့ညတိုက်ပွဲဖြစ်ပွား​နေပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများကျယ်​​လောင်စွာကြား​နေရ​ကြောင်း​ဒေသခံများက​​ပြောသည်။

ထို့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်အရွှေ့အပြောင်း အမြောက်အများပြုလုပ်နေ​ကြောင်းလည်း ကလေးမြို့ခံများကပြောသည်။

ယနေ့ည ၇ နာရီခန့်မှစတင်ပြီး ကလေးမြို့အတွင်းတိုက်ပွဲကြီးဖြစ်​နေသကဲ့သို့ ပေါက်ကွဲသံများနှင့်ပစ်ခတ်သံများ တစ်မြို့လုံးဆူညံ​နေပြီး ည ၉နာရီအထိ အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ တပ်အပြောင်းအရွှေ့ ပြုလုပ်နေသည်ဟု ​ဒေသခံများကပြောသည်။

“အခုညတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေက စက္ကန့်မလပ်ပစ်ခတ်နေတယ်။ သူတို့က အထိနာနေလို့ လက်နက်ကြီးတွေပစ်နေတာ။ တမြို့လုံးလဲကြောက်လန့်နေတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိပစ်ခတ်မူများသည် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်နိုင်သည်ဟု အထက်ပါမြို့ခံက​ပြောသည်။

“လက်နက်ကြီးတွေ ပစ်နေတဲ့ အကြိမ်အရေအတွက်အရဆိုရင် စစ်တပ်ကလူတွေ အထိနာနေပြီဆိုတာတွက်လို့ရပါတယ်။တမြို့လုံးကတော့ စစ်ပွဲထဲကို ရောက်နေတဲ့အတိုင်းဘဲ”ဟု အခြားကလေးမြို့ခံတစ်ဦးကလည်းပြောသည်။

လက်ရှိတွင် ကလေးမြို့တောင်ပိုင်းသို့ စစ်ကားများမောင်းနှင်သွားပြီး မြို့တွင်းတွင်လည်း ကင်းပုန်းများ ချထားသည်ဟု ကလေးမြို့ခံများကပြောသည်။

“ဒီညတော့ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ အကျအဆုံးများတယ်”ဟု ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူတစ်ဦးပြောသည်။ လက်ရှိတွင်လည်း နှစ်ဖက်ထိပ်တိုက်တွေ့သည့် အနေအထားဖြစ်နေ၍ အသေးစိပ်ကိုမသိရသေးဟု ၎င်းကဆက်​ပြောသည်။

က​လေးPDF ၊ CDF(က​လေး၊ က​ဘော်၊ဂန့်​ဂေါ် ) စ​သော​ဒေသခံ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ယ​နေ့ည တိုက်ပွဲနှင့်ပါတ်သပ်၍ ည ၁၁ နာရီအထိ့ ထုတ်ပြန်ထားခြင်းမရှိ​သေး​ပေ။

ကလေးမြို့တွင်း စစ်ရေးတင်းမာလျက်ရှိပြီး ယမန့်နေ့ မနက် ၆ နာရီခန့်က ဒေသခံကာကွယ်ရေးတပ်များက ကလေးမြို့တောင်ပိုင်း ကြံသာရွာတွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို သွားရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့သည်။ ဒေသခံကာကွယ်ရေးတပ်မှ နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။

ထိုအပြင် ယမန်​နေ့ည ၁၀ နာရီခန့်တွင်လည်း ကလေးမြို့တောင်ပိုင်းကိုမောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့သည်ဟုသည် PDF(ကလေး)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။