Connect with us

Hi, what are you looking for?

News

ဆော-​ကျောက်ထုလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် YDF သတိ​ပေး

မကွေးတိုင်း ဆောမြို့နယ်နှင့် လောင်းရှည်မြို့တို့မှ အကြမ်းဖက်စစ်ကောင်စီ၏ အခြေစိုက်နေရာနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီ ၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေသောကြောင့် ဆော – ကျောက်ထုလမ်းပိုင်းကို လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် Yaw Defence Forceက ယနေ့ (ဖေဖော်ဝါရီ ၇)တွင် ထုတ်ပြန်သည်။

“အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားအင်အား ၁၀၀ကျော်နဲ့ တပ်ဖြန့်လာနေတယ်။ဆောဘက်ကို စစ်ကြောင်းထိုးမယ် သတင်းရတယ်။ ဆောဘက်ကို စစ်ကြောင်းတိုးရင် ထိတွေ့မှုက ဖြစ်မှာ”ဟု Yaw Defence Force တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ဆော-ကျောက်ထုလမ်းပိုင်း လုံးဝဖြတ်သန်းခြင်းမပြုရန် အသိပေးသည်။

မကွေးတိုင်း ဆောမြို့နယ်နှင့် လောင်းရှည်မြို့တို့မှ အကြမ်းဖက်စစ်ကောင်စီ၏ အခြေစိုက်နေရာနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီ ၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖြစ်စဥ် နှစ်ခုအနက် အကြမ်းဖက်စစ်တပ်ဘက်မှ ဒုဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး ​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

Facebook