Connect with us

Hi, what are you looking for?

News

စစ်ကိုင်းနှင့် ​ရွှေဘို မြို့နယ်တို့တွင် စစ်​ကောင်စီတပ်မိုင်းဆွဲခံရပြီး​သေဆုံးထိခိုက်မှုများရှိ

ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက “ကျနော်တို့ ရှေ့ထွက်မိုင်း ၄လုံးနဲ့ဆွဲလိုက်တာ။ ဒီကောင်တွေအကျအဆုံးများနိုင်တယ်။ အုန်းတောတပ်ထဲကနေ အမြှောက်နဲ့ရမ်းပြီးပစ်တယ်ဗျ”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

(အာဏာသိမ်းစစ်​ကောင်စီတပ်သားများကို ၂၀၂၁ မတ်လက​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ရွှေဘိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသောယာဥ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးထိခိုက်သေဆုံးမှုများနိုင်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးသည်။

ယနေ့ (ဖေဖေါ်ဝါရီ ၈ ရက်) နေ့လယ် ၂နာရီ ၅၅မိနစ်အချိန်က ရွှေဘို-မန္တလေးလမ်းမကြီး၊ စစ်ကိုင်းမြို့နယ်၊ ရုန်းပင်ကန်ရွာအလွန် ဂရိတ်ဆီဆိုင်အနီးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ၁၂ဘီးကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါမိုင်းခွဲခံရသောအကြမ်းဖက်စစ်ကောင်စီတပ်သည် ဆားတောင်မြို့ ညောင်ငုပ်တိုရွာအနီးကို ဒိုင်နာတစ်စီးနှင့် အိမ်စီးကား၄စီး အသုံးပြုကာ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ၎င်းနေရာမှအပြန် ဆားတောင်အရောက်တွင် ၁၂ဘီးကားပြောင်းစီးပြီးနောက် မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက “ကျနော်တို့ ရှေ့ထွက်မိုင်း ၄လုံးနဲ့ဆွဲလိုက်တာ။ ဒီကောင်တွေအကျအဆုံးများနိုင်တယ်။ အုန်းတောတပ်ထဲကနေ အမြှောက်နဲ့ရမ်းပြီးပစ်တယ်ဗျ”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

မိုင်းဆွဲခံရသည့်နေရာသို့ လူနာတင်ယာဉ် ၅စီးနှင့် ရောက်လာပြီး သေဆုံးထိခိုက်​သောစစ်​ကောင်စီတပ်သားများအား တင်ဆောင်သွားကြောင်းဒေသခံများပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၃ )မှ ရဲဘော်များနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

အလားတူ ယနေ့ နံနက် ၈း၃၀ အချိန်ကလည်း ရွှေဘိုမှမုံရွာသို့ အကြမ်းဖက်စစ်ကောင်စီတ​ပ်များက ချောဆွဲလာခဲ့သော မှန်လုံကားတစ်စီးကို ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် ဝက်လက်မြို့နယ်အနောက်ခြမ်း နဂါးပျံသိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေဘိုဘက်မှ အခင်းဖြစ်ရာနေရာသို့ရောက်လာပြီး ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများထိခိုက်မှုမရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှအကျအဆုံးရှိပြီးအသေးစိတ်မသိရသေးကြောင်း ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။