Connect with us

Hi, what are you looking for?

News

ယင်းမာပင်-ပုလဲလမ်းတွင်စစ်​ကောင်စီတပ်ကားကိုမိုင်းပ​​ဒေသာဖြင့်တိုက်ခိုက်ရာ ​၂၂ ဦးခန့်​ထိ့ခိုက်သေဆုံးနိုင်ဟုထုတ်ပြန်

မိုင်းပ​ဒေသာဖြင့် တိုက်ခိုက်မှုတွင်ကားနှစ်စီးမှာ လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားပြီးကျန်တစ်စီးမှာလည်းစုတ်ပြတ်ကာ ကြိုးဖြင့်ဆွဲသွားရကြောင်း ညီနောင်မဟာမိတ် ရဲဘော်များက အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ပုလဲလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုများနိုင်ကြောင်း ​ဒေသတွင်းညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့များကယ​နေ့ညတွင် သတင်းထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီ၈ ရက်နေ့ )နေ့လယ် ၂နာရီအချိန်ခန့်က ယင်းမာပင်-ပုလဲ လမ်းပိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်အုပ်စု ယာဉ်အား CGYDF နှင့် Yinmarbin Local PDF၊ MTOF၊ Triple Two၊ SRDF၊ SBTF၊ ဆားလင်းကြီး တကိုယ်တော်သုဘရာဇာတို့ပူးပေါင်း၍ မိုင်း ၂၅ လုံး ပြောင်းတိုက် ၁၆ လုံးဖြင့် ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၂ယောက်ခန့် ဒဏ်ရာအပြင်းအထန်ဖြင့် အများအပြားသေဆုံးနိုင်ကြောင်းထုတ်ပြန်သည်။ မိုင်းပ​ဒေသာဖြင့် တိုက်ခိုက်မှုတွင်ကားနှစ်စီးမှာ လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားပြီးကျန်တစ်စီးမှာလည်းစုတ်ပြတ်ကာ ကြိုးဖြင့်ဆွဲသွားရကြောင်း ညီနောင်မဟာမိတ် ရဲဘော်များက အသိပေးသည်။

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့ကြောင်းCGYDFကထုတ်ပြန်သည်။

ယ​နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေရာ မုံရွာ-ယင်းမာပင်-ပုသိမ် ကားလမ်းကိုဖြတ်သန်းသွားလာခြင်း မပြုကြရန် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ်ထုတ်ပြန်ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook