Connect with us

Hi, what are you looking for?

News

မန္တလေး အောင်ပင်လယ်ရပ်ကွက်က နေအိမ်တွေကို စစ်ကောင်စီတပ် ဝင်မွှေနေ

လက်ရှိအချိန်ထိနေအိမ်အချို့ကို ဆက်လက်ရှာဖွေနေဆဲလို့သိရပြီး လမ်းသွားလမ်းလာတွေကို လည်း လှည့်ပြန်ခိုင်းတာတွေလုပ်နေပါတယ်။

မန္တလေး ၊ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ လိုက်လံစစ်ဆေးနေတယ်လို့သိရပါတယ်။

ဒီနေ့ နံနက်အစောပိုင်းလောက်ကစတင်ကပြီး အောင်ပင်လယ်ရပ်ကွက်အတွင်းဝင်ရောက်နိုင်တဲ့ မြို့ပတ်လမ်းနဲ့ ရွာလယ်လမ်း၊ မနော်ဟရီလမ်းနဲ့ ၄၈လမ်းတို့အပြင် ရပ်ကွက်ထဲ ဝင်ပေါက်အားလုံး ကို ပိတ်ဆို့ပြီးနောက် နေအိမ်တွေကိုစစ်ဆေးနေတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိနေအိမ်အချို့ကို ဆက်လက်ရှာဖွေနေဆဲလို့သိရပြီး လမ်းသွားလမ်းလာတွေကို လည်း လှည့်ပြန်ခိုင်းတာတွေလုပ်နေပါတယ်။

ဒီနေ့မနက်ပိုင်းကတော့ မနော်ဟရီလမ်း၊ ၄၈ လမ်းထောင့်မှာ ” သေတတ်သည်” လို့ရေးထားတဲ့ ပုံးကို စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်တွေဟာ ဒီရက်ပိုင်းတွေမှာ မန္တလေး မှာ ပိတ်ဆို့စစ်ဆေးတာတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။

မနေ့က တော့ မဟာအောင်မြေမြို့နယ် ၊စိန်ပန်းရပ်က နေအိမ်တွေကို တနေ့ကုန်နီးပါး စစ်ဆေးတာတွေလုပ်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။